Foreign

May 18
8.4

May 18

2007
May 18
မေ၁၈ဆိုသည့်ဒီဇာတ်ကားလေးသည်ဖြစ်ရပ်မှန်ကိုအခြေခံ၍ရိုက်ကူးထားတော့ဇာတ်ကားလေးဖြစ်ပါတယ်။၁၉၈၀ခုနှစ်လောက်ကကိုရီးယားနိုင်ငံတွင်စစ်အုပ်ချုပ်ရေးကိုသဘောမကျ၍တက္ကသိုလ်ကျောင်းသားတွေစတင်ဆန္ဒပြရာမှဂွမ်ဂျူမြို့တစ်မြို့လုံးပါဝင်ပတ်သတ်လာပြီးစစ်တပ်ကရက်စက်စွာမတရားနှိမ်နင်းခဲ့ပုံကိုရိုက်ကူးတင်ဆက်ထားတာပါ။အဲဒီအဖြစ်အပျက်ကြောင့်သေဆုံးသူ၂၀၇ဦးထိခိုက်ဒဏ်ရာရရှိသူ၂၃၉၂ဦးနှင့်ပျောက်ဆုံးသူ၉၈၇ဦးရှိခဲ့ပါတယ်။ဒီဇာတ်ကားလေးမှာမင်ဝူးနဲ့ဂျင်ဝူးဆိုတဲ့အရမ်းချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မင်ဝူးကတက္ကစီမောင်းပြီးသူ့ညီလေးဂျင်ဝူးကိုအစစအရာရာထောက်ပံပေးပါတယ်။ဂျင်ဝူးကလည်းစာအရမ်းတော်ပြီးသူ့အစ်ကို့ဖြစ်စေချင်တဲ့ဆိုလ်းဥပဒေကျောင်းကိုတက်ခွင့်ရဖို့ကြိုးစားနေသူတစ်ယောက်ပါ။တစ်နေ့ဂျင်ဝူးနဲ့ဘုရားကျောင်းမှာခင်ခဲ့တဲ့အစ်မတစ်ယောက်ဖြစ်တဲ့သူနာပြုမလေးရှင်းအယ်(မင်ဝူးကြိုက်နေတဲ့သူပေါ့)နဲ့မင်ဝူးတို့ရုပ်ရှင်သွားကြည့်ရာတွင်ဆန္ဒပြနေတဲ့ကျောင်းသားတွေကိုစစ်သားတွေကရိုက်နှက်ဖမ်းဆီးနေတာနဲ့ကြုံခဲ့ရပါတယ်။ဘာမှမပတ်သတ်တဲ့သူတို့ကိုတောင်ဖမ်းဖို့ကြိုးစားလို့ပြေးခဲ့ရပါသေးတယ်။ဒါကြောင့်မင်ဝူးကဂျင်ဝူးကိုအဲဒီဆန္ဒပြမှုတွေရဲ့အဝေးမှာနေဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကြမ္မာငင်တယ်လို့ပြောရမလားပဲ။ဂျင်ဝူးရဲ့သူငယ်ချင်းတစ်ယောက်စစ်သားတွေရဲ့ရိုက်နှက်ခြင်းခံရပြီးသေဆုံးခဲ့ရပါတယ်။ဒါကြောင့်သူ့ရဲ့သူငယ်ချင်းအတွက်ကလဲ့စားချေမယ်ဆိုပြီးဆန္ဒပြမှုတွင်ပါဝင်ပတ်သတ်ခဲ့ပါတယ်။စစ်တပ်ကအင်အားများလာတဲ့ဆန္ဒပြသူတွေကိုကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ကြေငြာပြီးသူတို့တပ်တွေကိုလည်းဆုတ်ခွာမယ်လို့ပြောခဲ့ပြီးမှပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီပစ်ခတ်တိုက်ခိုက်မှုတွင်ဂျင်ဝူးလည်းသေဆုံးသွားခဲ့ရပြီးပြည်သူလူထုလည်းပိုမိုအုံကြွလာကာမင်ဝူးအပါအဝင်ဂွမ်ဂျူမြို့သူမြို့သားများမှမြို့တော်ခန်းမကိုသိမ်းပိုက်ပြီးစစ်တပ်ကိုခုခံတော်လှန်ခဲ့ပါတယ်။အဆုံးမှာတော့မျိုးချစ်စိတ်ပြင်းထန်တဲ့ပြည်သူလူထုကစစ်တပ်ကိုဘယ်လိုခုခံတော်လှန်ခဲ့ရလဲဆိုတာဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်ရမှာပါ။ဒီဇာတ်ကားလေးမှာမင်းသားlee joon ki ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတာlee joon ki real fan တွေသိကြမှာပါ။ခေါင်းဆောင်မင်းသားမဟုတ်ပေမဲ့leee joon ki ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု စိတ်ဓာတ်ပြင်းထန်မှုတွေကြောင့်မှတ်မှတ်ရရရှိနေခဲ့မှာပါ။ဇာတ်ကားလေးကနောက်ပိုင်းမှာဝမ်းနည်းဖို့ကောင်းပေမဲ့ဇာတ်လမ်းအစမှာတော့ပျော်ရွှင်မှုတွေအနည်းငယ်ပါဝင်ပြီးအရမ်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Translated by ma kay khaing Encoded by Phyo Thant
8.4 /5
Arang (2006) မြန်မာစာတမ်းထိုး
10
Bluray 1080p
Arang (2006) မြန်မာစာတမ်းထိုး
မှင်​စာသတို့သမီးဇာတ်​လမ်းတွဲမှာသေမင်း အဖြစ်​သရုပ်​​ဆောင်​ထားတဲ့ Lee Dong Wook ရဲ့ဇာတ်​ကား​လေးဖြစ်​ပါတယ်​။သူဟာဆိုရင်​ သူချစ်​ရတဲ့​ကောင်​မ​လေးမှာ ချစ်​တဲ့သူရှိသွားတာသိပြီး ဆုံးရူံးရမှာ​ကြောက်​တဲ့စိတ်​နဲ့ ဆားအိမ်​ထဲမှာပိတ်​​လှောင်​သတ်​ပစ်​​ခဲ့ပါတယ်​။မသတ်​ခင်​​ကောင်​မ​လေးမှာ ပူး​ပေါင်းကြံစည်​မူတစ်​ခု​ကြောင့်​ ကိုယ်​ဝန်​ရှိသွားခဲ့ပါတယ်​။ဆားအိမ်​မှာအသတ်​ခံရတဲ့​ကောင်​မ​လေးဟာဆိုရင်​ သရဲဘဝမှာ ဘယ်​လိုလက်​စား​ချေမှု​တွေလုပ်​ပြီး ရဲ​တွေကဘယ်​လိုစုံစမ်းမူ​တွေလုပ်​မလဲ ဖြစ်​ရပ်​မှန်​ကို​ကော ရှာ​တွေ့နိုင်​မှာလား ဆိုတာက​တော့ ဆက်​လက်​ပြီးကြည့်​ရူလိုက်​ပါ။ Translated & Reviewed by Ei Thiri Aung Encoded by k Quality Blueray Size 840/400 MB IMDB 6.1
10 /1
Ninnu Kori (2017)
7.3
Webdl 720p
Ninnu Kori (2017)
Ninnu Kori (2017) IMDb : 7.9   အချစ်ဟာ ဘ၀တော့ မဟုတ်ဘူး။ ဒါပေမယ့် အချစ် မပါဘဲလည်း ဘ၀ဟာ မပြည့်စုံနိုင်ဘူးတဲ့။ ဒီစကားဟာ တကယ်ကော မှန်ရဲ့လား။ ဒါဆို အချစ်တော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဖူးစာမဆုံတဲ့ အချစ်ဆိုရင်ရော၊ ဘ၀ဟာ ပြည့်စုံမှာလား။ တကယ်လို့များ ဖူးစာမဆုံတဲ့ အချစ်ကိုသာ တွေ့ခဲ့ရရင် ဘ၀ကို ဘယ်လို အားအင်မျိုးနဲ့ ဖြတ်သန်းရမလဲ။ တကယ်တော့ အချစ်က အချစ်၊ ဖူးစာဟာ ဖူးစာ၊ ဘ၀က ဘ၀က အားလုံး သက်သက်စီပါပဲ။ အူမာက ပီအိခ်ျဒီကျောင်းသား၊ သူ ချစ်တာက ပါလဗီ။ ပါလဗီက အူမာ့ကို အချိန်တွေ အများကြီး စောင့်ကြည့်ပြီးမှ အဖြေပေးခဲ့တာ။ ငယ်ရွယ်သူတွေပေမယ့် စိတ်အလိုလိုက် မိုက်ရူးရဲ မဆန်ဘဲ ရှေ့ရေးအတွက် စိတ်ချရတဲ့ အခြေအနေရောက်မှပဲ အိမ်ကို ဖွင့်ပြောကြမယ်လို့ သဘောတူထားကြတယ်။ ...
7.3 /7
Manay Po!
5
Dvdrip

Manay Po!

2006
Manay Po!
Many Po (2006) IMDb : 6.7   ဒီတစ်ခါတော့ ဟာသကားကြိုက်တဲ့ ပရိတ်သတ်အတွက် ပါးစပ်မစေ့ရအောင် ရယ်ရမယ့် ဖိလစ်ပိုင်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ rating ကလည်း အလန်းနော်။ ဟာသကားဆို အခြောက်တွေ တရုန်းရုန်းနဲ့ မဲ့ရွဲ့ပြီး ပေါတောတောတွေ လုပ်ပြမှ ရယ်ရတာ မဟုတ်ဘူးဆိုတာ ဒီကားကို ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ ကားဟောင်းလေးတစ်ခု ဖြစ်တဲ့အတွက် ရသလောက် ကွာလတီနဲ့ အကောင်းဆုံး ဖြစ်အောင် စီစဉ်ပေးထားပါတယ်။ သားသမီးဆိုတာ ဘုရားပေတဲ့ ဆုလာဘ်လို့ ဆိုကြတယ်။ အိမ်ထောင်ပြုတာကတော့ ကံတရားပဲပေါ့။ လုပ်ဇ်ဆိုတဲ့ အမျိုးသမီးဟာ အိမ်ထောင်ရေး ကံမကောင်းရှာဘူး။ ပထမဆုံး ကိုယ်ဝန်ရတော့ သူ့ချစ်သူက စစ်သား။ ယောင်္ကျားနောက် လျှောက်လိုက်တော့ ကိုယ်ဝန်ကြီး တကားကားနဲ့ ပြေးလွှားရတာကိုး။ အံမယ် သူပုန်တွေက သူမကို ယောင်္ကျားနဲ့ မှားပြီး ၀ိုင်းလိုက်လို့ ဒီလောက်လှတဲ့ သူမကိုများ ယောင်္ကျားနဲ့ မှားစရာလားလို့ ...
5 /3
Rescue Under Fire (2017)
8.5
Bluray 720P
Rescue Under Fire (2017)
စစ်သားတွေကို ကယ်ဆယ်ရေး လုပ်တဲ့သူတွေဟာလည်း စစ်သားတွေနဲ့ မခြား အသက်ကို ဖက်နဲ့ထုပ်ပြီး စွန့်လွှတ်စွန့်စားရတဲ့အကြောင်း ရိုက်ပြထားတဲ့ စပိန်ရုပ်ရှင် Rescue Under Fire (2017) ဟာ ရသမျိုးစုံ ပေးစွမ်းနိုင်တဲ့ စစ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ ဒဏ်ရာရနေတဲ့ အမေရိကန်စစ်သားတွေကို ကယ်တင်ဖို့ စပိန်တပ်ရဲ့ ညွှန်ကြားမှုနဲ့ ဟယ်လီကော်ပတာဆေးတပ်တွေ စေလွှတ်လိုက်ပါတယ်။ ခေါင်းဆောင်က ကပ္ပတိန် ဗယ်ရီလာဆိုတဲ့ စပိန်စစ်တပ်က အမျိုးသမီး ဗိုလ်ကြီးပါ။ ဒဏ်ရာရထားတဲ့ တပ်သားတွေကို ကယ်တင်ဖို့ တစ်ညတာပဲ အချိန်ရပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာပဲ တာလီဘန်တွေ အုပ်လိုက်ကြီး သူတို့ကို ၀ိုင်းထားလိုက်တဲ့အခါမှာတော့ သူတို့လည်း ထွက်မရ၊ ကာကွယ်ရေးတပ်တွေလည်း ၀င်မရနဲ့ ချောင်ပိတ်မိကုန်ပါတော့တယ်။ စပိန်နိုင်ငံက ရိုက်တဲ့ ရုပ်ရှင်မို့လို့ အမေရိကန်စစ်ကားတွေ ကြည့်ရတာ ရိုးနေတဲ့သူတွေအတွက် အပြောင်းအလဲအရသာတစ်ခုတော့ သေချာပေါက်ပေးစွမ်းနိုင်မှာပါ။ Presented and Encoded ...
8.5 /11
The Ghost (2004) မြန်မာစာတမ်းထိုး
5.7
The Ghost (2004) မြန်မာစာတမ်းထိုး
ကိုရီးယားနိုင်​ငံမြို့တစ်​မြို့ရဲ့ မိသားစုတစ်​စုမှာ ကင်​အွန်​ဆိုးနဲ့ကင်​အွန်​​ဂျောင်​ဆိုတဲ့ ညီမအစ်​မနှစ်​​ယောက်​ရှိတယ်​ တ​နေ့​တော့ဆူ​ပူ​နေတတ်​တဲ့​အမကိုစိတ်​ခုပီးညီမဖြစ်​တဲ့ကင်​အွန်​​ဂျောင်​က အ​ပျော်​သ​ဘောနဲ့သူ့အမကိုမိသားစုက​နေ ပထုတ်​မယ်​ဆိုပီးတ​စ္ဆေတစ်​​ကောင်​ ​ခေါ်ခဲ့မိတယ်​ အ​ပျော်​သ​ဘောဆို​ပေမယ့်​ တစ္ဆတစ်​​ကောင်​က​ရောက်​လာခဲ့ပီးသူ့အမကိုသတ်​ပစ်​ခဲ့တယ်​ ဘာ​ကြောင့်သေလဲဆိုတာ​တော့သူတို့သတိမထားမိခဲ့ဖူး ဇာတ်​လမ်းကဒီ​လို​လေးနဲ့စခဲ့တယ်​ မင်​ဂျီဝမ်​ ဆိုတဲ့ ​မိန်းက​လေးကချမ်းသာ​ပေမယ့်​ အ​ဖေ မရှိ​တော့တဲ့ဘဝနဲ့ သူ့​အ​မေနဲ့ ​နေရတယ်​သနားဖို့​ကောင်းတာက သူကမှတ်​ဉာဏ်​လဲ ​ပျောက်​​နေပီး​တော့ အထက်​တန်း​ကျောင်းသူ ဘဝက သူငယ်​ချင်း​တွေအပါအဝင်​ ဘာကိုမှ မမှတ်​မိပဲ သူ့ရဲ့​နေပုံထိုင်​ပုံကအစ ​ပြောင်းလဲသွားတယ်​ တ​နေ့တော့ သူ့သူငယ်​ချင်းအိုယူဂျင်​​ရောက်​လာပီး သူတို့သူငယ်​ချင်းကင်​အွန်​ဆိုးဆုံးသွား​ကြောင်း​ လာ​ပြောပြတယ်​ ဒီလိုနဲ့ ပဲ သူငယ်​ချင်း​တွေ တစ်​​ယောက်​ပီး တစ်​​ယောက်​ ​ထူးထူးဆန်းဆန်းဆုံးသွားကြတယ်​ ​နောက်​ ဆုံး မင်​ဂျီဝမ်​တစ်​​ယောက်​ပဲ ကျန်​ရင်​​ကော တ​စ္ဆေသရဲက သတ်​နိုင်​ဦးမာလား သူတို့အထက်​တန်း​ကျောင်းသူဘဝမာ​ကော ဘယ်လိုအဖြစ်​အပျက်​​တွေ ရင်​ဆိုင်​ခဲ့ရတာလဲ ဘယ်လို ဇာတ်​​ကောင်​​တွေပါဝင်​လာဦးမယ်​ ဆိုတာ​ကတော့ စိတ်​ဝင်​စားဖွယ်​မြင်​​တွေ့ရမှာပါ Translate & Review by Pyae Xeinn Sett Encoded by Lwin Naung
5.7 /3
Bunyan and Babe (2017) မြန်မာစာတမ်းထိုး
9.6
Bunyan and Babe (2017) မြန်မာစာတမ်းထိုး
Animation ကားကောင်းလေးတွေကိုနစ်သက်သူတွေအတွက် 2017 ထွက်ကားသစ်လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် Travis ဆိုတဲ့​​ကောင်​​လေးနဲ့သူ့ညီမ​လေး Whiney ကို သူတို့အ​မေက သူတို့အဖိုးနဲ့အဖွားကိုကူညီဖို့အတွက်​လယ်​​တောထဲကိုသွားခိုင်​ခဲ့ပါတယ်​ အဲ့ဒီအဖိုးနဲ့အဖွား​နေတဲ့မြို့မှာ bunyan လို့​ခေါ်တဲ့ လူ​ကောင်​ကြီးမားတဲ့သစ်​ခုတ်​သမားကြီးအ​ကြောင်းကထင်​ရှား​နေပါတယ်​ သူတို့ bunyan အ​ကြောင်းကိုစာအုပ်​​တွေ​တောင်​ဖတ်​ဘူးကြပါတယ်​ ထို့အပြင်​ bunyan ဆိုတာတကယ်​ရှိခဲ့တာလား ​ရှေးပုံပြင်​သတ်​သတ်​လား ပြီး​တော့ Travis နဲ့ bunyanကြားကဘယ်​လိုပတ်​သတ်​မှု​တွေဖြစ်​ခဲ့တာလဲဆိုတာပြီး​တော့သူတို့အဖိုး​နေထိုင်​တဲ့မြို့​လေးမှာက္ခ​တွေကြုံ​တွေ့ရတဲ့အခက်​အခဲ​တွေကို​ဖြေသူ​တွေကကူညီ​ဖြေရှင်း​ပေးခဲ့လဲဆိုတာကို ဒီဇာတ်​လမ်းေ လးရဲ့အဆုံးမှာဆက်​လက်​ကြည့်​ရှု​ပေးကြပါလို့ Translate & Review by Pwin Pwint Encoded by Lwin Naung
9.6 /14
Shotgun Love 2011 (မြန်မာစာတန်းထိုး)
8
Shotgun Love 2011 (မြန်မာစာတန်းထိုး)
ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့်ကားလေးတစ်ကားပါ Sang Yeol ဟာဆွဲဆောင်မှုမရှိသလိုဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပီးဘာအမြင်မှမရှိသူတစ်ယောက်ပါ ဒါပင်မဲ့သူဟာ တီဗီ လိုင်းတစ်ခုရဲ့ပစ္စည်းတွေရောင်းတဲ့အစီအစဉ်တစ်ခုရဲ့ မော်ဒယ် အဖြစ်နဲ့လုပ်ကိုင်နေခဲ့သူတစ်ယောက်ပါ ပီးတော့သူဟာ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ So Yeon ကိုတစ်ဖက်သတ်ကြိုက်နေခဲ့ပါသေးတယ် ဒါပင်မဲ့ So Yeon ကတော့သူ့ကို ရှိတယ်လို့တော့သတ်မှတ်ထားတာမဟုတ်ပါဘူး ဒါပင်မဲ့တစ်ရက်မှာတော့ So Yeon က သူ့ကိုဖုန်းဆက်ပီးတော့အပြင်မှာတွေ့ဖို့အတွက်ချိန်းခဲ့ပါတယ် အဲ့နေ့ညမှာနစ်ယောက် အတူတူသောက်ရင်းနဲ့ Sang Yeol ဟာအမူးလွန်သွားခဲ့ပီးတော့နောက်နေ့မှာတော့ မိုတယ်ခန်းတစ်ခုမှာနိုးလာခဲ့ပါတယ် မိုတယ်ကလူတွေကလဲညတုန်းကသူ့ဟာမိန်းကလေးတစ်ယောက်နဲ့ လာခဲ့တယ်လို့ပြောခဲ့တဲ့အတွက်သူနဲ့ So Yeon တူတူလာခဲ့တာဖြစ်မယ်လို့ထင်သွားခဲပါတယ် နောက်တော့ဘာတွေထပ်ဖြစ်မလဲဆိုတာနဲ့ ရိုးအလှတဲ့ Sang Yeol တစ်ယောက် ဘယ်လိုတွေလှည့်စားခံရမလဲဆိုတာကိုတော့...... Translate by Khine Ni Ni Shein Review & Encoded by Lwin Naung
8 /2
Drunken Monkey (2003) မြန်မာစာတန်းထိုး
10
HD
Drunken Monkey (2003) မြန်မာစာတန်းထိုး
IMDB 6/10 Action/Adventure တရုတ်ကွန်ဖူးကားကြိုက်နှစ်သက်သူတွေအတွက်တော့ကားကောင်းလေးပါ ဇာတ်လမ်းလေးကလည်းကောင်းတယ် နည်းနည်းပြောပြရရင် Man Bill ဆိုတဲ့ မျောက်သိုင်းသမားဟာ ညီဖြစ်သူ Pao Man ရဲ့ သစ္စာဖောက်တာခံခဲ့ရပါတယ် ညီဖြစ်သူဟာအစ်ကိုကိုလုပ်ကြံခဲ့ပါတယ် ဒါပေမယ့် Man Bill ကမသေခဲ့ပါဘူး ဒီလိုနဲ့ ဇာတ်မြှုပ်ပြီးနေနေခဲ့ရာမှ ဘယ်လိုအကြောင်းအရာတွေကြောင့်  Man Bill ကိုပြန်ရှာတွေ့သွားမလဲ ညီအစ်ကို ၂ ယောက်ရော ဘယ်လိုအခြေအနေနဲ့ ဘယ်လိုပုံစံနဲ့ ပြန်ဆုံကြမလဲ Gold Channel ပရိတ်သတ်ကပဲ ဆက်ပြီး ခံစားကြည့်ရှုကြပါဗျာ...ဇာတ်ကားလေးက စိတ်ဝင်စားဖို့တော်တော်ကောင်းပါတယ် သိုင်းနာမည်အမျိုးမျိုးလည်း ကြားရမှာပါ ..။ Translate by: Ye Htut Win Encode by: Hein Min Htet Quality DVD RIP Size 600MB
10 /2
A Snake of June မြန်မာစာတမ်းထိုး
7.4
A Snake of June မြန်မာစာတမ်းထိုး
Rinko Tatsumiလို့မိန်းကလေးတယောက် ဟာ ဖုန်းအော်ပရေတာတခုမှာ ဖြေကြားပေးရတဲ့သူတယောက်ဖြစ်ပါတယ် တနေ့မှာတော့ သူ့ဆီကိုဖုန်းတခုဝင်ရောက်လာပါတယ် အဲကနေစပီး နောက်တရက်ပါသူမဆီ သူမပုံတွေပါတဲ့ပါဆယ်တခုရောက်လာခဲ့ပါတယ် အဲကစပီးသူမကို ဘယ်လိုအကြပ်ကိုင်မလဲ ဘယ်လိုစေခိုင်းမလဲဆိုတာတွေ။ သူ့ယောကျာင်္းမသိအောင် ဘယ်လိုဖြေရှင်းမလဲ။ပို့တဲ့သူကကော ဘယ်သူဖြစ်မလဲ အဲအကြောင်းအရာတွေနဲ့နောက်ကွယ် ဘယ်သူကကြိုးကိုင်ခဲ့လဲဆိုတာတွေကို ဘာဆက်ဖြစ်မလဲ ဘာဆက်ဖြစ်မလဲ ခံစားရမှာလဲ ၁၉+ဖြစ်တဲ့အတွက် အခန်းလေးတွေလဲပါဝင်တဲ့အတွက် ၁၈နှစ်ကျော်မှကြည့်ကြပါလို့...😛 အချစ်ဇာတ်လမ်း နဲ့ သည်းထိတ်ရင်ဖို Japan erotic ဇာတ်လမ်းကောင်းလေးတခုကိုခံစားကြည့်လိုက်ကြပါအုန်း။။။။။
7.4 /5
The Lucky Guy (1998) မြန်မာစာတန်းထိုး
0
The Lucky Guy (1998) မြန်မာစာတန်းထိုး
ဒီကားကလေးကတော့ ဒါရိုက်တာ Lee Ki Chi က ၁၉၉၈ မှာရိုက်ကူးပြီး Stephew Chow , Sammi Cheng, Daniel Chan နဲ့ Shu Qi တို့ပါဝင်သရုက်ဆောင်ထားတဲ့ ဟာသကားလေးပါ "Lucky" ဆိုတဲ့ကော်ဖီဆိုင်လေးက ကြက်ဥပူတင်းနဲ့ အရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဆိုင်လေးပါ စားပွဲထိုး Su က ဆိုင်မှာ ရုပ်ချော နာမည်ကြီးပြီး ကြက်ဥပူတင်းမင်းသားလို့တင်စားခေါ်ခဲ့တဲ့သူ မိန်းကလေးတွေ ချစ်ခင်ရပေမယ် candy ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုပဲ စွဲလမ်းခဲ့တယ်.. Su နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Nam နဲ့ Fu ဆိုတဲ့ သူတွေမှာလည်း အချစ်ပြသနာလေးတွေကိုယ်စီရှိကြတယ် .. အဲ့ဒီအချိန်မှာပဲ ကော်ဖီဆိုင်က မြေရှင်ရဲ့ ဈေးတိုးတောင်းမှုကြောင့် ဆိုင်ဖျက်သိမ်းရမယ့်အခြေအနေတွေဖြစ်လာတာကို Su, Nam နဲ့ Fu တို့သူငယ်ချင်းတွေ ဘယ်လိုကာကွယ်မလဲဆိုတာ...ဟာသလေးတွေရောပြီး ဘယ်လိုရိုက်ကူးထားတယ်ဆိုတာ ဆက်လက်ကြည့်ရှူ ကြပါဦးလို့.... Review & Translated by Khine Ni ...
0 /0