Horror

Ouija (2017) မြန်မာစာတမ်းထိုး
7.8
Bluray 720P
Ouija (2017) မြန်မာစာတမ်းထိုး
မိန်းကလေးတစ်ယောက်ဟာရှေးဟောင်း ouija board တစ်ခုနဲ့ဆော့မိတာကနေထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ် အဲ့မိန်းကလေးသေဆုံးသွားတဲ့အခါမှာသူ့သူငယ်ချင်းတွေကသေဆုံးရတဲ့အကြောင်းကိုစုံစမ်းတဲ့အခါမှာတော့ ouija board နဲ့ဆက်စပ်နေတာကိုသိရှိသွားခဲ့ပီးဘယ်လိုကြောက်မက်ဖွယ်ရာတွေနဲ့ကြုံရမလဲဆိုတာကိုတော့.... Horror ကားနစ်သက်သူတွေအတွက်တော့အကြိုက်တွေ့မယ့်ကားလေးတစ်ကားဖြစ်ပါတယ် Translated by Aung Myint Oo Encoded by Aung Myint Oo Quality Blueray Size 650/200 MB IMDB 4.5 Genres Horror, Thriller
7.8 /4
The Toymaker (2017) မြန်မာစာတမ်းထိုး
5.7
Webdl 720p
The Toymaker (2017) မြန်မာစာတမ်းထိုး
ဒီကားလေးကတော့ 1941 ခုနစ်ကိုအခြေပြုပီးရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် နာဇီအရာရှိတစ်ယောက်ဟာအရုပ်တွေကိုအသက်သွင်းလို့ရတဲ့နည်းလမ်းပါတဲ့ မှော်စာအုပ်တစ်အုပ်ကိုတွေ့ရှိလာခဲ့ပါတယ် ဒါပင်မဲ့သူ့လက်ကနေ Benjamin ဆိုတဲ့တခြားနာဇီအဖွဲ့ဝင်တစ်ယောက်က ခိုးယူခဲ့ပီးတော့သူကနေမှတစ်ဆင့်အရုပ်လုပ်သမား Amos Blackwood ဆီရောက်သွားခဲ့ပါတယ် ဒါပင်မဲ့ နာဇီ SS အရာရှိတစ်ဦးက Benjamin ကိုရှာတွေ့သွားပီးတော့သူ့ဆီကမှတစ်ဆင့် Amos Blackwood ဆီမှာစာအုပ်ရောက်နေတယ်ဆိုတာကိုသိရှိသွားခဲ့ပီးပြန်ပေးဆွဲခံပါတယ် ဒါပင်မဲ့စာအုပ်ရဲ့စွမ်းအားနဲ့အသက်ဝင်နေတဲ့အရုပ်တွေကသူ့သခင်အဖမ်းခံရတာကိုသိသွားတဲ့အချိန်မှာတော့ သူတို့သခင်ကိုကယ်တင်ဖို့ဘယ်လိုကြိုးစားမလဲဆိုတာကို.......... Translated by Kyawswar Encoded by k Quality Webdl Size 720/180 MB IMDB 4.0 Genres Horror
5.7 /3
Amityville: The Awakening (2017) မြန်မာစာတမ်းထိုး
0
Bluray 720P
Amityville: The Awakening (2017) မြန်မာစာတမ်းထိုး
သရဲအလွန်ခြောက်တဲ့ Amityville အိမ်ကြီးအကြောင်း ရုပ်ရှင်ဇာတ်ကား အများအပြား ထွက်ခဲ့ပြီးတဲ့နောက် အခုတစ်ခါ မင်းသမီးလေး ဘယ်လာသွန်းနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်း တစ်ပုဒ် ရောက်လို့လာပြန်ပါတယ်။ ဒီဇာတ်ကားကို 2014 ခုနှစ်ကတည်းက ရိုက်ကူးဖို့ စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကာ 2017 မှ ရုံတင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Amityville အိမ်ကြီးကို ဘယ်လီတို့ မိသားစု ပြောင်းလာပြီးြေhttp://www.goldchannelmovie.net/wp-admin/post.php?post=7595&action=editခာက်လှန့်ခံရတဲ့အကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဘယ်လီနဲ့ ဂျိမ်းစ်က အမွှာမောင်နှမ ဖြစ်ပါတယ်။ ညီမ အငယ် ဂျူးလိယက်လည်း ရှိပါတယ်။ ဂျိမ်းစ်ဟာ သူ့နှမကို နှောင့်ယှက်တဲ့ လူတွေနဲ့ ရန်ဖြစ်ပြီး တိုက်ပေါ်က ပြုတ်ကျကာ ကိုမာ ၀င်သွားခဲ့တယ်။ သူတို့အမေ ဂျိုအန်းဟာ ဈေးချိုချိုနဲ့ ငှားလို့ ရလာတဲ့ Amityville အိမ်ကြီးကို ပြောင်းလာတဲ့အခါ ဘယ်လီ စပြီး သရဲအခြောက်ခံရတယ်။ ...
0 /0
The Limehouse Golem (2016) မြန်မာစာတမ်းထိုး
10
Bluray 720P
The Limehouse Golem (2016) မြန်မာစာတမ်းထိုး
မိသားစုလိုက်အသတ်ခံရတဲ့လူသတ်မှုတခုဖြစ်ပွားခဲတယ်။စုံထောက်Kildreကအဲ့အမှုကိုတာဝန်ကျတယ်။ လန်ဒန်မြို့မှာနာမည်ကြီးတဲ့The Golemလို့ခေါ်တဲ့လူသတ်သမားကိုလူတွေပြန်မှတ်မိလာတယ်သူကပဲဆက်သတ်တာလားပေါ့။ တနေ့မှာ Lizzieဆိုတဲ့မိန်းကလေးရဲ့ယောက်ျားသေဆုံးခဲ့တယ်။ လူတွေကသူ့ကိုသူ့ယောက်ျားကိုသတ်တယ်လို့သံသယဝင်ကြတယ်။ Lizzieဟာတရားရုံးမှာစစ်ဆေးပြီးချုပ်ထားခြင်းခံရတယ်။ စုံထောက်KilderကLizzieကိုကူညီချင်လို့အမှုကိုစစ်ဆေးရင်းအတိတ်ကိုပြန်သွားကြတယ်။ John Creeသွားနေကျစာကြည့်တိုက်မှာသက်သေတခုတွေ့ခဲ့တယ်။ စာကြည့်တိုက်လာတဲ့လူစာရင်းရတော့လိုက်ရှာရင်းဘာတွေဆက်ဖြစ်မလဲ။ Golemကဘဲသတ်နေတာလား။Limehouseဆိုတဲ့အိမ်ကြီးနဲ့ရောဘာတွေဆက်ဆက်နေမလဲ။ Lizzieကသူ့ယောက်ျားကိုတကယ်သတ်သာများလား။ဘာလို့သတ်ရတဲ့အကြောင်းရောရှာတွေ့နိုင်မလား။ စာကြည့်တိုက်မှာရှာတွေ့တဲ့သတ်သေနဲ့လူစာရင်းနဲ့ရောဆက်စပ်နေမလား။ ......ဆိုတာကိုတော့ဒီကားလေးကိုကြည့်ရင်းရင်ခုန်ကြမယ်နော်။ Translated & Reviewed by Shwim Shwim Encoded by k Quality Blueray Size 770/220 MB IMDB 6.3 Genres Horror, Thriller
10 /1
Ryde (2017) မြန်မာစာတမ်းထိုး
5.5
Bluray 720P
Ryde (2017) မြန်မာစာတမ်းထိုး
ဒီဇာတ်ကားဟာဆိုရင်တော့ Ryde ဆိုတဲ့ ကားငှားတဲ့ appကိုကျောရိုးယူပီးရိုက်ကူးထားတာပါ ဖုန်း app ကနေတဆင့် taxi တွေလိုပဲကားငှားလို့ရပီး ပိုလွယ်တဲ့စနစ်ကိုသုံးထားတာပါ မောင်းတဲ့သူကလည်း ဘယ်သူ့ဆီကမှခွင့်ပြုချက်တောင်းစရာမလိုတဲ့အတွက် လူသတ်သမားဖြစ်တဲ့ Paul အတွက်တော့ အဆင်ပြေသွားပါတယ် Paul တယောက် ဘားမှာမိန်းကလေးတယောက်နဲ့တွေ့ရာကနေ Ryde စနစ်ကိုသိသွားပီးတော့ လူသတ်ဖို့ အဆင်ပြေသွားပါတော့တယ် တဖက်မှာလည်း မင်းသမီး Jasmine နဲ့ သူ့ကောင်လေး Marcus တို့ရဲ့နေထိုင်မှုဘ၀ကိုဖော်ပြရင်း လူသတ်သမား Paul ဖြစ်တဲ့ Ryde driver နဲ့ သူတို့အတွဲတွေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဘယ်သူတွေသေပီး ဘယ်သူတွေအသက်ရှင် ကျန်ရစ်ခဲ့မလဲဆိုတာကိုတော့ စိတ်ဝင်တစားစောင့်ကြည့်ကြရအောင်နော် Translated & Reviewed by HK Linn Encoded by k Quality Blueray Size 730/200 MB IMDB 7.0 Genres Horror, Thriller
5.5 /2
Mayhem (2017) မြန်မာစာတမ်းထိုး
1
Webdl 720p
Mayhem (2017) မြန်မာစာတမ်းထိုး
ဒီကားလေးကြည့်မိတော့ ရေကန်အသင့်ကြာအသင့်ဆိုတဲ့ စကားပုံကိုသတိရမိတယ်။ ခေတ်စကားနဲ့ဆိုရင်တော့ ကုန်းဆင်းတာပေါ့လေ။ အက်ရှင်ခပ်ကြမ်းကြမ်းသွေးထွက်သံယိုကြိုက်သူတွေ လက်လွတ်မခံသင့်တဲ့ကားပါ။ ဇာတ်လမ်းပေါ့မှာစိုးလို့အများကြီးမညွှန်းတော့ပါဘူး ID7 ဗိုင်းရပ်စ်ဆိုတာ ကူးစက်ခံရရင် မျက်စိတဖက်နီလာပြီး ကိုယ့်ခံစားချက်ကို မထိန်းနိုင်တော့ပါဘူး။ Derek Choဟာ သူ့အလုပ်မှာ မှားယွင်းပြီးချောက်ချခံရပြီးတဲ့နောက် သူ့အပေါ်အပြစ်ပုံချခံလိုက်ရပြီး အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့အချိန်မှာ အဆောက်အဦးကို ဗိုင်းရပ်စ်ကြောင့် ၈နာရီထိန်းသိမ်းလိုက်ချိန်မှာတော့ Derekဟာ ဘယ်လိုအခွင့်ကောင်းယူပြီး သူ့အပြစ်ကို အထက်ကိုတင်ပြမလဲဆိုတာကိုတော့... Translated & Reviewed by EG White Encoded by k Quality Webdl Size 750/200 MB IMDB 6.5 Genres Action, Horror
1 /1
The Crucifixion (2017) မြန်မာစာတမ်းထိုး
10
Bluray 720P
The Crucifixion (2017) မြန်မာစာတမ်းထိုး
The Crucifixion (2017) ဟာ ၂၀၀၅ ခုနှစ်က ရိုမေးနီးယားမှာ ပယောဂပူးလို့ သေသွားရတယ်ဆိုတဲ့ ဖြစ်ရပ်မှန် တစ်ခုကို အခြေပြုကာ ရိုက်ကူးခဲ့တာ ဖြစ်ပါသတဲ့။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ကော်နစ်ချီဆိုတဲ့ မိန်းကလေးဟာ ပြင်းထန်တဲ့ စိတ်ရောဂါ ဖြစ်လာခဲ့တယ်။ ဘုန်းတော်ကြီး ကော်ရိုဂျီယာနုဟာ မကောင်းဆိုးရွား ပူးကပ်တယ်လို့ သံသယဖြစ်ခဲ့တဲ့အတွက် သီလရှင်အချို့ရဲ့ အကူအညီနဲ့ သူမကို လက်ဝါးကပ်တိုင်မှာ ရက်အတန်ကြာ ချည်ထားခဲ့တယ်။ သူမ သေဆုံးသွားတဲ့အခါမှာတော့ ဘုန်းတော်ကြီးနဲပ သီလရှင်တွေဟာ လူသတ်မှုနဲ့ ထောင်ကျသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ ယာဗျာဂျန်းစ်က နာမည်တွေ နေ့စွဲတွေ ပြောင်းလဲပေမယ့် မူလဇာတ်လမ်းကို မပြောင်းလဲဘဲ ရိုက်ကူးခဲ့တာ ဖြစ်ပါသတဲ့။ ဇာတ်လမ်းမှာတော့ သေသွားတဲ့ မိန်းကလေးရဲ့ အစ်မ သတင်းထောက် နစ်ကိုးလ်ဟာ သူ့ညီမ သေဆုံးရတဲ့ အကြောင်းကို လိုက်လံစုံစမ်းရင်း ...
10 /1
1922
10
Webdl 720p

1922

2017
1922
1922 IMDb : 6.5 Rotten Tomatoes : 88%   ဒီရက်ပိုင်း ကြည့်ပြီးထဲက စိတ်ထဲ တအိအိနဲ့ ဖြစ်ကျန်ခဲ့တဲ့ ဇာတ်လမ်း ဆိုရင် 1922 ပါပဲ ။ စတီဖင်ကင်း ဆိုတော့ ဇာတ်လမ်းပိုင်းကိုယုံကြည်ပြီးသားဖြစ်ပေမဲ့ live action ပြောင်းမှ Fail နေမှာကို စိုးရိမ် မိတာကို Netflix က ကောင်းကောင်းကြီး ချေဖျက်ထားပါတယ် ။ အစကတော့ Horror လို့ထင်မိပေမဲ့ ၊ ကိုယ်သဘောပေါက်သလောက်ကတော့ Crime Mystery Thriller လို့မြင်မိပါတယ်။ (personal view) လူများများစားစားမပါတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှု့ က တကယ်တော့ ရိုးရိုးလေးပါ ။ လယ်သမားကြီး ၊ လူပြတ် ၊ လူကြမ်းကြီး နဲ့ ခပ်ထွေထွေ သားတစ်ယောက်နဲ့ ထက်ထက်မြတ်မြတ် ဆိုတာထက် ခပ်စာစာ မိန်းမ တစ်ယောက် ...
10 /2
Leatherface (2017) မြန်မာစာတမ်းထိုး
10
Bluray 720P
Leatherface (2017) မြန်မာစာတမ်းထိုး
Leather Face ဆိုတာ ၉၀ ခုနှစ်များဆီက ရေပန်းစားခဲ့တဲ့ လွှစက်လူသတ်သမားဆိုတာတော့ ပြောပြဖို့ မလိုဘူး ထင်ပါတယ်။ ဒါရိုက်တာ Tobe Hopper က 1974 ခုနှစ်မှာ The Texas Chainsaw Massacre ဆိုတဲ့ ရုပ်ရှင်ကနေ အသက်သွင်းလိုက်တဲ့ Leather Face ကို Friday 13th ရုပ်ရှင်က Jason နဲ့ မှားတတ်ကြပါတယ်။ (ဒီအမှားမျိုးကို သူတို့ရှေ့မှာ သွားမပြောသင့်ဘူး ထင်တယ်။ တော်ကြာ လွှစက်နဲ့ ဓါးမ ဘယ်ဟာကြိုက်လဲ အမေးခံနေရဦးမယ် ငိငိ)။ ဒီဇာတ်ကားမှာတော့ young Leather Face အကြောင်း ရိုက်ပြထားတာ ဖြစ်ပါတယ်။ လယ်သာဖေ့စ် ကြမ်းခဲ့တာကို တွေ့ဖူးထားတဲ့ The Texas Chainsaw Massacre ရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေအတွက် ပိုများ ကြောက်ဖို့ကောင်းနေမလားပဲ။ ...
10 /2
The Exorcist
10
Bluray 1080p
The Exorcist
The Exorcist (1973) IMDb : 8 Rotten Tomatoes : 86% သရဲကားလို့ ဆိုလိုက်တာနဲ့ နှစ်ပေါင်း လေးဆယ်ကျော် ကြာသည့်တိုင် ထိပ်ဆုံးမှာ ရှိနေဆဲ ဂန္တ၀င်သရဲကားကြီး တစ်ခု ရှိတယ်။ အဲဒါကတော့ အခု တင်ဆက်လိုက်တဲ့ The Exorcist (1973) ပါပဲ။ ခေတ်ကာလတွေ အမျိုးမျိုး ပြောင်းလဲလာတာတောင် ထိပ်ဆုံးကနေ မဆင်းရတာ ဘာကြောင့်များပါလိမ့်။ အကြောင်းက သရဲကားဆိုတဲ့ အရသာကို ဘယ်ကားနဲ့မှ မတူအောင် ပေးနိုင်တာကြောင့်ပါပဲ။ သရဲကားဆိုရင် ၀ုန်းခနဲ ဒိုင်းခနဲ Jumpscare တွေ အပြည့်နဲ့မှ ကြည့်ချင်တဲ့သူတွေရော၊ တစိမ့်စိမ့် တွေးရင်း ကြောက်လာတဲ့ အရသာကိုမှ ခံစားချင်တဲ့သူတွေရော ဘယ်ပရိသတ်ကိုမှ အလွတ်မပေးဘဲ ခြောက်လှန့်နိုင်တာလည်း ဒီကားပဲ ရှိမယ် ထင်တယ်။ ဟောလိုဝင်းပြီးတာတောင် ကြောက်ချင်နေသေးတဲ့ GC ပရိတ်သတ်ကြီးအတွက် Old But ...
10 /3
Happy Death Day (2017) မြန်မာစာတမ်းထိုး
10
HDrip
Happy Death Day (2017) မြန်မာစာတမ်းထိုး
မွေးနေ့ဆိုတာ အလကားလို့တွေးနေတဲ့ ထရီဆာဆိုတဲ့ ကျောင်းသူမလေးဟာ ပေါင်းသင်းဆက်ဆံရေးမကောင်းသူကလေးပါ။ ညပါတီပွဲသွားဖို့လမ်းမှာ သူမဟာအသတ်ခံခဲ့ရပါတယ်။ အဲ့အချိန်မှာ အဲ့ရက်တရက်တည်းမှာပဲ တခါပြန်နိုးလာပါတယ်။ အဲ့နေ့မှာပဲ သူမအမြဲနိုးလာပြီး အမြဲလိုသေဆုံးတာနဲ့ အဲ့မနက်မှာပြန်နိုးလာပြန်ပါတယ်။ သူမဟာ နောက်နေ့မနက်မှာနိုးလာဖို့အတွက် သူမအသတ်ခံရတာကို ကျော်လွှားရမယ်ဆိုတာ သိသွားပါတယ်။ ဒီတော့သူမကို သတ်ဖို့ကြိုးစားနေတဲ့သူဆီက လွတ်အောင်နည်းအမျိုးမျိုးနဲ့ကြိုးစားပါတော့မယ်။ ထရီဆာတယောက်အောင်မြင်ပြီး နောက်နေ့မှာနိုးထလာနိုင်ပါ့မလား။ သူမကို သတ်ဖို့ကြိုးစားနေတာဘယ်သူလဲ ဘာကြောင့်သတ်ချင်နေတာလဲ ဆိုတာကိုတော့.....သည်းထိတ်ရင်ဖိုကြည့်ရှုရမယ့်ဇာတ်ကားပါ Translated & Reviewed by EG White Encoded by k Quality HDrip Size 850/350 MB IMDB 6.7 Genres Horror,Mystery,Thriller
10 /1
Bunnyman Vengeance (2017) မြန်မာစာတမ်းထိုး
5.5
Bluray 720P
Bunnyman Vengeance (2017) မြန်မာစာတမ်းထိုး
Bannyman Vengeance (2017) ကို ၂၀၁၇မှာတတိယ အကြိမ်ေ​မြာက်​ထွက်​ရှိထားတဲ့ Horror အမျိုးအစားဇာတ်​လမ်း​လေးဖြစ်​ပြီး Writer , Director​ မှာCarl lindbergh ဖြစ်​ပါတယ်​ ဇာတ်​လမ်းကြာမြင့်ချိန်​ဟာ ၁၀၈မိနစ်​ရှိပါတယ်​ ............... Horror Movie ကြိုက်​နှစ်​သက်​တဲ့သူ​တွေအတွက်​​တော့ အကြိုက်​ဖြစ်​​စေမှာပါ Translated & Reviewed by Coral Lay Encoded by k Quality Blueray Size 650/200 MB IMDB 3.6 Genres Horror
5.5 /2
Nightworld (2017) မြန်မာစာတမ်းထိုး
10
Webdl 720p
Nightworld (2017) မြန်မာစာတမ်းထိုး
လော့အိန်​ဂျယ်​စ်​လီရဲဌာနက​နေ​ပြောင်း​ရွေ့လာတဲ့ ဘက်​အန်​ဒါဆန်​ဟာဆိုရင်​ ဆိုဖီယာမှာရှိတဲ့ ဇာဟရီဆိုတဲ့ ​ရှေး​ဟောင်းအ​ဆောက်​အအုံကြီးမှာ လုံခြုံ​ရေးအ​နေနဲ့တာဝန်​ကျပါတယ်​။ အ​ဆောက်​အအုံရဲ့​နေရာတိုင်းမှာကင်​မရာ​တွေတပ်​ဆင်​ထား​ပြီး ဘက်​က​မော်​နီတာက​နေ​​စောင့်​ကြည့်​​စေခဲ့ပါတယ်​။ အဲ့ဒီဇာဟရီအ​ဆောက်​အအုံကြီးမှာ ​နေထိုင်​သူမရှိ ​အလွန်​ခြောက်​ကပ်​ ​​နေတဲ့အတွက်​ ဘာ​ကြောင့်​လုံခြုံ​ရေးခန့်​ထားလဲဆိုတာ ဘက် နားမလည်​ခဲ့ပါဘူး။ ​နောက်​ပိုင်း ဘက်​ဟာ ဇာဟရီဆိုတဲ့အ​ဆောက်​အအုံမှာ​နေရင်း ​ခြောက်​ခြားစရာ​တွေဖြစ်​လာပါတယ်​။ တစ်​​နေ့မှာ​တော့ ​​​ကွန်​ပျူတာက​နေ ​​မြေ​အောက်​ခန်းမှာထောင်​ချီတဲ့​ခြေရာ​တွေကို​တွေ့ခဲ့ပါတယ်​။ အဲဒါနဲ့ပဲ​ဘက်​တို့​မြေ​အောက်​ခန်းထဲကို ဝင်​ပြီးစစ်​​ဆေးကြည့်​ပါတယ်​။ မထင်​မှတ်​ပဲ သူ့ရဲ့​ဆုံးသွားတဲ့ဇနီးကို အဲ့မှာ​ပြန်​တွေ့ခဲ့ပါတယ်​။ဆုံးသွားတဲ့ဇနီးက ဘာလို့ ဒီ​နေရာမှအသက်​ရှင်​လျက်​​ရှိ​နေတာလဲ၊သူ့ဇနီး​ကောဟုတ်​ရဲ့လား၊အထဲမှာဘက်​တို့အုပ်​စု ဘာ​တွေကြုံ​တွေ့ရမလဲ၊အကုန်​လုံးအသက်​ရှင်​လျက်​​ကော ပြန်​ထွက်​လာနိုင်​ပါ့မလား ဆိုတာက​တော့...........ဆက်​လက်​ကြည့်​ရူလိုက်​ပါ​နော်​။ Reviewed by Ei Thiri Aung Translated by GC Translator Team Encoded by k Quality Webdl Size 800/200 MB IMDB 4.3
10 /1
Blood Money (2017) မြန်မာစာတမ်းထိုး
0
Webdl 720p
Blood Money (2017) မြန်မာစာတမ်းထိုး
Blood money ကားမှာတော့အတ္တကြီးတဲ့Lynn ဆိုတဲ့မိန်းမက ပိုက်ဆံအတွက်ဆိုကိုယ့်သူငယ်ချင်းကိုတောင်သတ်ပစ်နိုင်ပိုက်ဆံကအားလုံးလုပ်နိုင်တယ်ဆိုပေမယ့် သူငယ်ချင်းကိုသတ်ပစ်ဖို့ကျတော့ အရမ်းရက်စက်လွန်းအားကြီးတယ်  သဲထိတ်ရင်ဖိုအဆင့်ကိုမရောက်ပေမယ့်ပိုက်ဆံအတွက်ပြေးလွှားနေရတာကိုရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာပါ Reviewed by Shwe Yaung Ni Translated by mgz Encoded by Sagittarius Quality Webdl Size 500 MB IMDB 5.9
0 /0
House by the Lake (2017) မြန်မာစာတမ်းထိုး
7.3
Bluray 720P
House by the Lake (2017) မြန်မာစာတမ်းထိုး
စကော့နဲ့ ကယ်ရန်တို့မှာ အမ်မာဆိုတဲ့ ၁၀နှစ်အရွယ်သမီးလေးတယောက်ရှိတယ်။ ကလေးမလေးက ငယ်ငယ်လေးနဲ့စိတ်ကျဝေဒနာကို ခံစားနေရတယ်။ သူ့အမေက သူ့သမီးကိုစိတ်ပူလွန်းလို့ အရမ်းတင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတာက အမ်မာအခြေအနေကိုပိုဆိုးလာစေပါတယ်။ နောက်ဆုံးအမ်မာ့ကျန်းမာရေးအတွက် ရည်ရွယ်ပြီး စကော့ဘိုးဘွားပိုင်ဆိုင်ခဲ့တဲ့ ရေကန်ဘေးကအိမ်ကို ခရီးထွက်ကြပါတယ်။ အမ်မာဟာ အဲ့အိမ်ကိုရောက်ပြီး အိပ်ရင်းလမ်းလျှောက်တာတွေ ငါးလူဆိုတာတွေပြောပေမယ့် မိဘတွေက မယုံကြပါဘူး။ နောက်ဆုံးမှာ စိတ်ကျဝေဒနာရှင် အမ်မာလေးရဲ့ဆုံးဖြတ်ချက်ကတော့... ဒီကားက မိခင်တယောက်အနေနဲ့သားသမီးအပေါ်မှာ စည်းမျဉ်းတင်းကြပ်လွန်းတာတွေ...ဝေဒနာရှင်ဆိုပေမယ့် ပြောစကားတွေကို နားလည်သဘောပေါက်နေတယ် ဆိုတာနဲ့ ကလေးတွေဆိုတာ အထူးဂရုစိုက်ဖို့လိုကြောင်းပြသထားပါတယ်။ Translated & Reviewed by EG White Encoded by k Quality HD Rip Size 660/220 MB IMDB 5.1
7.3 /3
Annabelle: Creation (2017) မြန်မာစာတမ်းထိုး
10
Bluray 720P
Annabelle: Creation (2017) မြန်မာစာတမ်းထိုး
Annabelle: Creation (2017) Blu-Ray Version Blu-Ray မှကြည့်မည်ဆိုသူများကြည့်လိုရပါပြီ ------------------ ၂၀၁၄ တုန်းကAnnabelle အမည်နဲ့ ဇာတ်ကားထွက်ခဲ့ဖူးပြီး အခုဇာတ်လမ်းကတော့ အမှောင့်ပယောဂ ဝင်နေတဲ့ အန်နာဘဲလ် အရုပ်မရဲ့ ရာဇဝင်ကို ရိုက်ကူးထားတာမို့ အရင်အန်နာဘဲလ်ဇာတ်လမ်းနဲ့ ရင်းနှီးပြီးသား ပရိ သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ ဆမ်မြူရယ်မူလင်ဟာ ဇနီးအက်စ်သာ၊ သမီးလေးအန်နာ ဘဲလ်နဲ့အတူ ကယ်လီဖိုးနီးယားက ယာတောအိမ်ကြီးမှာနေထိုင်ရင်း ကစားစရာအရုပ်တွေ ပြုလုပ်ပြီးအသက်မွေးသူပါ။ တစ်ရက်မှာတော့ (၇)နှစ်အရွယ်သမီး လေး အန်နာဘဲလ်ဟာ ဆိုးရွားလှတဲ့ ယာဉ်တိုက်မှုတစ်ခုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဆမ်မြူရယ်ဟာလည်းသူ့သမီးမရှိတော့တဲ့နောက် အရုပ်တွေလည်း မလုပ်တော့ပါဘူး။ အဲဒီလိုနဲ့နေလာရင်း အန်နာဘဲလ်ဆုံးတာ ၁၂နှစ်ပြည့်ပြီးတဲ့နောက်မှာတော့ ဆမ်မြူရယ်တို့ ဇနီးမောင်နှံဟာ ယာတောအိမ်ကြီးမှာ သူတို့နှစ်ယောက်တည်းနေ တာဖြစ်တဲ့အတွက် မိဘမဲ့ဂေဟာ ပိတ်လိုက်ရလို့ နေစရာမရှိဖြစ်နေတဲ့ သီလရှင်တစ်ပါးနဲ့ မိဘမဲ့ မိန်းကလေးခြောက်ယောက်ကို ယာတောအိမ်ကြီးမှာ လာနေဖို့ ခွင့်ပြုခဲ့ပါတယ်။ ...
10 /2
June (2015) မြန်မာစာတမ်းထိုး
9.7
Bluray 720P
June (2015) မြန်မာစာတမ်းထိုး
အသက်​၉နှစ်​သာရှိ​သေးတဲ့ juneက အပြစ်​ကင်းစင်​ပြီးချစ်​ဖို့​ကောင်းတဲ့ မိဘမဲ့က​လေးမ​လေးပါ.. သူမငယ်​စဉ်​က မ​ကောင်းဆိုးဝါးကိုဆင့်​​ခေါ်ဖို့ ​​မှော်​မ​ကောင်းဆိုးဝါးစုန်းမ​တွေက ယဇ်​ပလ္လင်​​ပေါ်မှာတင်​ကာ ​သွေးစက်​​တွေ သူမနဖူး​ပေါ်​ချ​နေတုန်း ကယ်​တင်​ခံခဲ့ရ​ပေမယ့်​...ကံဆိုးတာက​တော့ သူမခန္ဓာကိုယ်​ထဲမှာ မ​ကောင်းဆိုးဝါးဝင်​​​ရောက်​သွားတာပါပဲ .... horrorကြိုက်​တတ်​သူ​တွေအဖို့​တော့ တစိမ့်​စိမ့်​နဲ့ ဇာတ်​လမ်းဆုံးထိဆွဲ​ခေါ်သွားနိုင်​မှာပါ Translated by Aung Myint Oo Reviewed by Moe Nandar Encoded by Sagittarius Quality Blueray Size 780 MB IMDB 4.2
9.7 /3
The Dark Tower (2017) မြန်မာစာတမ်းထိုး
9.5
Bluray 720P
The Dark Tower (2017) မြန်မာစာတမ်းထိုး
Stephen Kingရဲ့ စာအုပ်​​တွေကို ရုပ်​ရှင်​အဖြစ်​ပြန်​ပြီးအသက်​သွင်းတဲ့ ၂၀၁၇။ လတ်​တ​လောက Gerald's Gameဆိုတာလဲ ထွက်​ပြီးပြီ။ ခု​တော့ The Dark Tour​ဗျာ.... ​နောက်​ဆို It လဲ bluerayထွက်​လာ​တော့မယ်​။.... ဒီကားဟာ ​မှော်​ဆန်​ဆန်​ကားတစ်​ကား​ဗျ။ ကျွန်​​တော်​တို့အရင်​ကြည့်​ဖူးတဲ့ The Sorcerer's Appernticeတို့ The Forbidden Kingdomတို့ လိုမျိုးပါပဲ။ က​လေးတစ်​​ယောက်​နားမှာရှိတဲ့ စွမ်းရည်​ကို လိုချင်​လို့ မ​ကောင်းဆိုးဝါးမိစ္ဆာကြီး​တွေက လိုက်​ဖမ်းကြတဲ့ကား​လေးပါ။ ဒီဇာတ်​ကားထဲမှာ​တော့ New Yorkမှာ​နေထိုင်​တဲ့ Jake Chambersတစ်​​ယောက်​ ထူးထူးဆန်းဆန်းအိမ်​မက်​​တွေမက်​ပြီး အိမ်​မက်​ထဲက လူ​တွေကို အပြင်​မှာ​တွေ့လာရပါတယ်​။ သူဟာအားကိုးရတဲ့သူ​တွေကို​ပြော​ပေမဲ့ သူ့ကိုအရူးလို့ပဲထင်​​နေကြ​လေရဲ့။ သူ့ပ​ထွေးက သူ့ကိုစိတ္တဇ​ဆေးခန်းကိုပို့​တော့ လာကြိုတဲ့သူ​တွေဟာ လူအ​ရေခွံခြုံထားတဲ့မ​ကောင်းဆိုးဝါးဖြစ်​​နေပါ​တော့တယ်​။ အဲ့ဒါကိုသိ​တော့ ထွက်​ပြေးပြီး Midworldလို့​ခေါ်တဲ့ အခြားကမ္ဘာတစ်​ခုကိုသွား သူ့အိမ်​မက်​ထဲက Gunslingerကိုရှာပြီး The Dark Towerကို ပြို​အောင်​လုပ်​ချင်​​နေတဲ့ ​မှော်​ဆရာကြီးကို အလဲထိုးကြရတာပဲဖြစ်​ပါတယ်​။ Dallas ...
9.5 /4
I Saw the Devil (2010) မြန်မာစာတမ်းထိုး
7
Bluray 720P
I Saw the Devil (2010) မြန်မာစာတမ်းထိုး
ဒီကားအနေနဲ့ကတော့ ဆိုးဟွန်းဆိုတဲ့အဓိကဇာတ်ကောင်က သူ့ကောင်မလေး ဂျူယွန် မတရားအသတ်ခံတဲ့အနေနဲ့လက်စားချေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် သူ့အနေနဲ့က အရမ်းချစ်ခဲ့တဲ့မိန်းမတစ်ယောက်ဖြစ်လို့လက်စားချေတာလဲဖြစ်တယ် လူသတ်သမားဖြစ်တဲ့ကျောင်ချဲအနေနဲ့ကလဲစိတ်တ္တဇပုံစံနဲ့ကောင်မလေးတွေကို လိုက်ဖမ်းပြီးဖျက်စီးသတ်ဖြတ်တဲ့ပုံကိုရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ် အရမ်းကြီးကြောက်ဖို့မကောင်းပေမယ့် နည်းနည်းလန့်စရာကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် Translated & Reviewed by Shwe Yaung Ni Encoded by k Quality Blueray Size 1GB/570MB IMDB 7.8
7 /3
Zombies (2017) မြန်မာစာတမ်းထိုး
9
Webdl 720p
Zombies (2017) မြန်မာစာတမ်းထိုး
zombies ကားနစ်သက်သူတွေအတွက်ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် zombies ကားတွေရဲ့ထုံးစံအတိုင်း ကပ်ဆိုးတွေကျရောက်ပီးတော့လူသားတွေဟာ zombies တွေဖြစ်သွားကျပါတယ် ကျန်ရစ်တဲ့အသက်ရှင်တဲ့သူတွေကလဲဆက်လက်ရှင်သန်ဖို့ ခက်ခက်ခဲခဲကြိုးစားနေခဲ့ရပါတယ် လူသားတွေဘယ်လိုကြိုးစားမလဲဆိုတာနဲ့ zombies တွေကိုဘယ်လိုအနိုင်ယူမလဲဆိုတာကိုတော့...... Translated by Khant Moe Kyaw Encoded by k Quality WEB-dl Size 600/340 MB IMDB 3.1
9 /2