Sci-Fi & Fantasy

Midnight, Texas
8.9
Midnight, Texas
Midnight Texas က ညွှန်းဆို​နေတာက​တော့ ရုပ်​သံစီးရီး ​ကောင်း တစ်​ခု ဟာ တစ်​ခုထက်​ပိုတဲ့ အ​ကြောင်းအရာ ​တွေ အ​ပေါ် အသား​ပေးရိုက်​ကူးသင့်​တယ်​ဆိုတာကိုပါပဲ။ Charlaine Harris ရဲ့ ဝတ္ထု ကို ရိုက်​ကူးထားပြီး Texas ပြည်​နယ်​ တစ်​​နေရာက Midnight လို့ ​ခေါ်တဲ့ မြို့​လေးမှာ ​နေထိုင်​ကြတဲ့ လူတစ်​စုအ​ကြောင်းပါပဲ။ ထူးခြားတာက သာမာန်​ မြို့​နေလူထု မဟုတ်​ပဲ လူထူးဆန်း​တွေ ဖြစ်​​နေတာပါပဲ။ နက်​သက်​​ကြွေ နတ်​သား၊ စိတ်​စွမ်းအားရှင်​၊ ​သွေးစုပ်​ဖုတ်​​ကောင်​၊ စုန်းမ နဲ့ သမန်းကျား​တွေ​ပေါ့ဗျာ။ စကား​ပြောတတ်​တဲ့ ​ကြောင်​က အဆစ်​ပါ​သေး။ အပိုင်းတိုင်းမှာ သူတို့က အခြားသူ​တွေ ကို ကူညီတာ၊ အချင်းချင်း ကူညီကြတာ စသည်​ဖြင့်​​တွေ့ရမှာပါပဲ။ မိသားစု တစ်​ခုလို​ပေါ့ဗျာ။ ကံမ​ကောင်းစွာပဲ သူတို့ရှိ​နေတဲ့ Midnight မြို့က မ​ကောင်းဆိုးဝါး မှန်​သမျှကို ...
8.9 /8
Stranger Things
7.4
Stranger Things
အလွန်ငြိမ်းချမ်းလှတဲ့မြို့လေးမှာ ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကြောင့် ငြိမ်းချမ်းမူတွေပြိုကွဲကုန်ခဲ့ပါတယ် အဲ့တာကတော့ Willy Byers ဆိုတဲ့ကလေးလေးပျောက်ဆုံးမှုကနေ စတင်ခဲ့တာပါ သာမန်ကေလးပျောက်မူတစ်ခုကို ပြည်နယ်ရဲအဖွဲ့တင်မကဘဲအခြားအဖွဲ့အစည်းတွေကပါ ဝင်ရောက်စွက်ဖက်လာခဲ့ပါတယ် နောက်ပီးတခြားသေဆုံးမူတွေလဲဖြစ်ပေါ်လာတဲ့အခါမှာတော့လူတိုင်းက ဒီကိစ္စကိုစိတ်ဝင်စားလာခဲ့ပါတယ် Willy ပျောက်ဆုံးမူကိုရဲတွေတင်မကဘဲသူရဲ့သူငယ်ချင်းတွေကပါလိုက်လံရှာဖွေနေခဲ့ပါတယ် အဲ့လိုရှာဖွေနေရင်းနဲ့ထူးဆန်းတဲ့ကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပီးအဲ့ကလေးမှာသဘာဝလွန်စွမ်းအားတွေရှိနေတယ်ဆိုတာကို သိလာခဲ့ကျပါတယ် အဲ့လိုဘဲ Willy ရဲ့မိခင်ကလဲသားပျောက်ဆုံးမူကြောင့်ပူဆွေးသောကရောက်နေရတဲ့အပြင် အိမ်မှာလဲထူးဆန်းတဲ့ကိစ္စတွေနဲ့ကြုံတွေ့လာတဲ့အချိန်မှာတော့ သူတို့မြို့ရဲ့ရဲမှူးအပါအဝင်အကုန်လုံးကဒီကိစ္စကို စိတ်ဝင်စားလာခဲ့ပါတယ် နောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့.......... Translated by Phyo Kyaw Zwar & Thonn Shwe Yi Wai Encoded by k
7.4 /15
While You Were Sleeping
9.2
While You Were Sleeping
အိပ်မက်ဆိုးတွေမက်တဲ့ မိန်းကလေးတစ်ယောက်။ သူ ဒီအိပ်မက်တွေကို တားဆီးနိုင်ပါ့မလား။   Nam Hong Juဟာ အလုပ်လက်မဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး အလုပ်ရှာဖို့ အားထုတ်မှုနည်းသူဖြစ်ပါတယ်။ သူဟာ တရားရေးနယ်ပယ်မှာ ကျော်ကြားတဲ့ Lee Jae Chan ရဲ့ fan girl အဖြစ် အချိန်တွေကုန်ဆုံးခဲ့ပါတယ်။   Hong Ju ဟာ မကြာခင်ဖြစ်မယ့် မကောင်းတဲ့ဖြစ်ရပ်တွေကို ကြိုသိနိုင်တဲ့ အိပ်မက်မက်တဲ့အခါ Lee Jae Chan ကိုကူညီရန် ကြိုးစားပါတယ်။ စိတ်ညစ်စရာကောင်းတဲ့ Hong Ju ဖြစ်ပေမယ့်လည်း Jae Chan က သူ့ရဲ့ ဩဇာအာဏာကို အစွမ်းကုန်အသုံးချကာ တားဆီးပါတော့တယ်။   ဒီ ဆန့်ကျင်ဖက် စိတ်နေစိတ်ထားနဲ့စုံတွဲက ဖြစ်ရပ်တွေကို တားဆီးနိုင်ပါ့မလား။ While you were sleeping ဇာတ်လမ်းကို အပတ်စဉ် ဗုဒ္ဓဟူး ကြာသပ​တေး​နေ့တိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။   Review by GC Translated by ...
9.2 /34
My Pet Dinosaur (2017) မြန်မာစာတန်းထိုး
10
Bluray 720P
My Pet Dinosaur (2017) မြန်မာစာတန်းထိုး
My Pet Dinosaur (2017) IMDb : 4.4   နယ်မြို့လေးတစ်ခုက မက်စ်တို့ သူငယ်ချင်း တစ်သိုက်ဟာ သိပ်အဆော့သန်တဲ့ မျောက်လောင်းအုပ်စုပေါ့။ သူတို့မြို့မှာ ဒိုင်နိုဆောတွေကို လူမသိ သူမသိ စမ်းသပ်နေတဲ့ အစိုးရ အဖွဲ့အစည်းတစ်ခုလည်း ရှိတယ်။ ဒါကို မြို့ခံလူတွေကတော့ မသိကြဘူး။ တစ်ညမှာ မက်စ်တို့တစ်တွေ မြို့နားက တောအုပ်ထဲကို သွားလည်ကြတဲ့အခါ ထူးဆန်းတဲ့ အရာတွေကို တွေ့လာကြတယ်။ မက်စ် အိမ်ပြန်ရောက်တော့ မဖိတ်ခေါ်တဲ့ ဧည့်သည်က ရောက်နှင့်နေပြီ။ အဲဒါကတော့ ဒိုင်နိုဆောပေါက်လေးတစ်ကောင်ပါပဲ။ မက်စ်ဟာ ဒိုင်နိုဆောပေါက်လေးကို ဘယ်သူမှ မသိအောင် ဖွက်ပြီး မွေးထားလိုက်တယ်။ ဒါပေမယ့် ဒိုင်နိုဆောလေးဟာ သူကမျက်စိအောက်မှာပဲ မြန်မြန်ဆန်ဆန် ကြီးလာတဲ့အခါ သူ့သူငယ်ချင်းတွေပါ သိသွားကြတယ်။ ဒီအချိန်မှာပဲ စမ်းသပ်ခန်းက ပျောက်သွားတဲ့ အကောင်ပလောင်တွေကို စစ်သားတွေက လိုက်ရှာနေကြပြီ။ ဒိုင်နိုဆောကလေးဟာလည်း တဖြည်းဖြည်း ဒိုင်နိုဆောကြီး ဖြစ်လာယ်။ ...
10 /2
Rogue Warrior: Robot Fighter (2017)
5
Webdl 720p
Rogue Warrior: Robot Fighter (2017)
Rogue Warrior : Robot Fighter (2017) IMDb : 6.5   ဒီကားကို Sony Distribution က ဂျွန်လ ၂ ရက်နေ့မှာ Limited နဲ့ ပြသခဲ့တာ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံတွေမှာ ပြသခြင်း မရှိပါဘူး။ ဒါပေမယ့် သိပ္ပံအက်ရှင်ကားတွေ ကြိုက်တဲ့ GC ပရိသတ်တွေအတွက် တကူးတက ရှာဖွေတင်ဆက်လိုက်ပါတယ်နော်။ Rogue Warrior : Robot Fighter (2017) ကို ဒါရိုက်တာ နေးလ် ဂျွန်ဆင်က Star Wars နဲ့ Mad Max ကို ပေါင်းရိုက်ထားသတဲ့။ ဇာတ်လိုက်ကတော့ ဆီရန်နာဆိုတဲ့ အမျိုးသမီး စစ်သားတစ်ယောက်ပါ။ တီထွင်ထားတဲ့ စက်ရုပ်တွေက ပြန်လည် တိုက်ခိုက်ခဲ့အတွက် အနာဂတ်ကမ္ဘာကြီးဟာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပါတယ်။ ဆီရန်နာဟာ ဒီ A.I စက်ရုပ်တွေကို ပြန်တိုက်ခိုက်ဖို့ ...
5 /2
What Happened to Monday (2017) မြန်မာစာတမ်းထိုး
8.7
Webdl 720p
What Happened to Monday (2017) မြန်မာစာတမ်းထိုး
ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်။ တစ်ခါတုန်းက အနာဂတ်ကမ္ဘာကြီးမှာ လူဦးရေတွေ ထူထပ်များပြားလို့ စားနပ်ရိက္ခာအခက်အခဲတွေ့နေရသတဲ့။ ဒီတော့ ဗြူရိုကရက်တစ်အစိုးရဟာ တစ်အိမ်တစ်ယောက်ပဲ ကလေးမွေးရမယ်လို့ ဥပဒေထုတ်လိုက်တာပေါ့။ ဒီတော့ အမွှာမွေးမိတဲ့ မိဘတွေဟာ ကိုယ့်ကလေးကို ၀ှက်ထားရတော့တယ်။ တကယ်လို့ သိသွားရင် လက်နက်ကိုင်တပ်သားတွေက ပိုတဲ့ ကလေးကို ဖမ်းခေါ်သွားကြတယ်။ သူတို့ကို စားနပ်ရိက္ခာလောက်ငှတဲ့ တစ်နေ့ကျ ပြန်တွေ့ရမယ်လို့ ပြောထားပေမယ့် ဘယ်ကို ခေါ်သွားမှန်းတော့ ဘယ်သူမှ မသိကြပါဘူး။ ဒီလိုကာလမှာပဲ ထူးထူးခြားခြား အမွှာညီအစ်မ ခုနှစ်ယောက်ကို မွေးသတဲ့။ သူတို့ကို မှတ်ရလွယ်အောင် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနဲ့ စနေလို့ ခေါ်ကြရအောင်။ မိဘတွေ မရှိကြတော့တဲ့ သူတို့ကို သိပ္ပံပညာရှင် အဘိုးက လိမ္မာပါးနပ်တဲ့ အစီအစဉ်နဲ့စောင့်ရှောက်ပါတယ်။ အဲဒီအစီအစဉ်ကြောင့် ဘယ်ညီမမှ ဖမ်းခေါ်မသွားခံခဲ့ရဘူး။ အဘိုးရဲ့ အကြံက ဒီလိုပါ။ ...
8.7 /6
Attack on Titan ( မြန်မာစာတန်းထိုး )
7.5
Attack on Titan ( မြန်မာစာတန်းထိုး )
Eren Jaegar ဆိုတဲ့လူငယ်လေးနဲ့ သူ့မိသားစုနေထိုင်တဲ့ မြို့ကို Titan တွေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ငယ်ငယ် ကတည်းက မဟုတ်ရင်မခံ၊အမှန်တွေကိုဘဲပြောပြီး အရာရာကိုသိလိုစိတ်ပြင်းပြတဲ့ Eren တစ်ယောက် သူ့အမေကို Titan တစ်ကောင်က စားသွားတဲ့အခါမှာတော့ သူဘယ်လိုခံစားရမလဲ၊အခြေအနေတွေကိုဘယ်လို ရင်ဆိုင်မလဲ၊ဘယ်လိုကြိုးစားရုန်းကန်မလဲ၊ဘယ်လို အနာဂတ်ကိုပုံဖော်မလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့် ရမှာပါ။Eren နဲ့အတူ သူ့သူငယ်ချင်းနှစ်ယောက်ကတော့ အရမ်းတော်တဲ့ Mikasa Ackerman😗,ဗဟုသုတကြွယ် ပြီးအတွေးအခေါ်ကောင်းတဲ့ Armin Arlert တို့ပါ။ ဒီဇာတ် လမ်းရဲ့ခေတ်ကလူတွေကတံတိုင်းကြီးသုံးခုဖြစ်တဲ့ Maria, Rose နဲ့ Sina ထဲမှာနေကြပါတယ်။ဒီလောက်မြင့်တဲ့ တံတိုင်းကြီးတွေကို ဘယ်သူတွေကဆောက်သွားခဲ့တာလဲ? ဘာလို့ Titan တွေက လူတွေကိုအန္တရာယ်ပေးတာလဲ? Titan တွေကရော .. ဘယ်ကရောက်လာကြတာလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာပါ ... ကျွန်တော်အဓိကပြောချင်တဲ့အချက်က ဒီ Anime မှာ ပေးထားတဲ့ Message ကထိရောက်ပါတယ် ... လူတစ်ယောက်ကဘယ်လိုအောင်မြင်မှုရသလဲ.. အမှားအမှန်ဘယ်လိုဆုံးဖြတ်မလဲ..ဒွိဟဖြစ်နေတဲ့အချိန်မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးချသင့်သလဲ.. ကိုယ်လုံးဝယုံကြည် ထားတဲ့သူတွေကရော မိတ်ဆွေအစစ်ဟုတ်သလား.. ပြထားတာတကယ်ကိုထိရောက်ပါတယ် ကျွန်တော်တို့သိတဲ့အတိုင်း Anime ဆိုတာ just japanese animation မဟုတ်ပါဘူး ... လေ့လာစရာ... ...
7.5 /16
Goblin
10

Goblin

2016
Goblin
Kim Shin is an immortal “goblin,” and has the rather honorable title of being the Protector of Souls. His roommate Wang Yeo also happens to have the equally lofty, if thoroughly opposing, title of Angel of Death, and he acts as the storied grim reaper that claims souls. However, both these devilishly handsome angels have a problem: Wang Yeo has ...
10 /4