TV Movie

Sharknado 3: Oh Hell No! (2015) မြန်မာစာတမ်းထိုး
10
Sharknado 3: Oh Hell No! (2015) မြန်မာစာတမ်းထိုး
မုန်တိုင်းက ရပ်တန့်သွားခြင်းမရှိဘဲနဲ့ဒီတစ်ခေါက်မှာတော့ လော့စ်အိန်ဂျလိစ့် နဲ့ L.A ပြီးတော့ အမေရိကန်နိုင်ငံကိုပါ ငါးမန်းမုန်တိုင်းက ဆက်လက် တိုက်ခတ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာရော Fin တစ်ယောက် ဘယ်လိုပုံစံမျိုးနဲ့ ငါးမန်း တွေကို ချေမှုန်းမလဲ တခြားဘယ်သူတွေကရော Fin နဲ့အတူ အားဖြည့်ပြီး ကူညီပေးမလဲ အရင် Sharknado 2 နဲ့မတူဘဲ ဘယ်လိုနည်းပညာတွေသုံးပြီး ချေမှုန်းသွားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါအုံး။ Translated & Reviewed by Ngwe Kaung Kin Encoded by Lwin Naung
10 /1
Sharknado (2013) မြန်မာစာတမ်းထိုး
5.5
Sharknado (2013) မြန်မာစာတမ်းထိုး
ကယ်လီဖိုးနီးယားပြည်နယ်မှာတိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းဟာ ပုံမှန်တိုက်ခတ်နေကြ လေဆင်နှာမောင်းပုံစံမျိုးမဟုတ်ဘဲနဲ့ လူသားစားငါးမန်းတွေကိုသယ်ဆောင်လာတဲ့အခါမှာတော့ မြို့ကြီးတစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။ မြို့ကြီးတစ်မြို့လုံး သဘာဝဘေးအန္တရာယ်ကြုံတွေ့ရတဲ့အချိန်မှာတော့ မိသားစုထက် တခြားသူတွေကိုပိုအရေးပေးကူညီတတ်တဲ့ ဇာတ်လိုက်မင်းသား ဖြစ်တဲ့ Fin တစ်ယောက် ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လိုမျိုးကူညီကယ်ဆယ်ခဲ့သလဲဆိုတာ အသည်းတယားယားနဲ့ ဒီဇာတ်လမ်းထဲမှာကြည့်ရှုရမှာဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်လမ်းကြိုက်နှစ်သက်တဲ့ပရိသတ်တွေ အကြိုက်တွေ့မယ့်ဇာတ်လမ်း အမျိုးအစားလည်းဖြစ်တဲ့အတွက် ကြည့်ရှုခံစားကြည့်လိုက်ကြပါအုံး။ Translated & Reviewed by Nwe Kaung Kin Encoded by Lwin Naung
5.5 /4
My Babysitter’s a Vampire (2010) မြန်မာစာတမ်းထိုး
5.5
My Babysitter’s a Vampire (2010) မြန်မာစာတမ်းထိုး
ဒီဇာတ်ကားလေးကတော့ အားလပ်ရက်မှာ မိသားစုတွေ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့်ဇာတ်ကားလေးတစ်ကားပါ။ ဒီကားကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးပြီး တစ်နှစ်အကြာမှာ ဇာတ်လမ်းတွဲအနေနဲ့ပါ ထပ်ပြီးထွက်ရှိလာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့...ဆယ်ကျော်သက်အရွယ် Ethan Mason ဆိုတဲ့ကောင်လေးကို သူ့မိဘတွေက အပြစ်ပေးတဲ့အနေနဲ့ ကလေးထိန်းခေါ်ပေးထားပါတယ်။ တကယ်တမ်းတော့ သူ့ကလေးထိန်းဆိုတာကလည်း Ethan တက်နေတဲ့ကျောင်းမှာပဲတက်နေတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် အဲ့ဒိကလေးထိန်းကောင်မလေးက Ethan နဲ့သူ့သူငယ်ချင်း Benny တို့ဆီကို ဘယ်လိုထူးဆန်းတာတွေယူဆောင်လာမလဲ... Ethan နဲ့ Benny တို့နှစ်ယောက်မှာကော သူတို့တောင်မသိသေးတဲ့ ဘယ်လိုအစွမ်းတွေရှိနေလဲဆိုတာကိုတော့.... Translate & Review by ဘုန်းမြင့်မောင် Encoded by Lwin Naung
5.5 /2