what going on?
HD 45131 Views
Karate Kill (2016) မြန်မာစာတန်းထိုး

Karate Kill (2016) မြန်မာစာတန်းထိုး

He is no Mr. Miyagi Oct. 08, 2016 JP. US. 89 Min.
Your rating: 0
7.2 9 votes

Video trailer

Director

Cast

Review

Karate Kill (2016) မြန်မာစာတန်းထိုး

18+,Action ,Adventure , Horror, အဲ့ ဇာတ်လမ်းရဲ့ အမျိုးအစားက
ဆန်းပြားထွေခြားလှချည်လားဆိုပြီး
စာဖတ်သူပရိတ်သတ်ကြီးနည်းနည်းအံ့သြသွားနိုင်ပါတယ်။
ဟုတ်ပါတယ် ဒီဇာတ်လမ်းဟာ မိတ်ဆွေတို့ကြည့်ဖူး
သိဖူးတဲ့ဇာတ်လမ်းတွေနဲ့ မတူတစ်မူကွဲပြားနေတဲ့
ဇာတ်လမ်းတစ်ပုဒ်ပါ.။ ၁၈+ ဇာတ်လမ်းကောင်းကောင်
အက်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာနေပြီဖြစ်တဲ့
ပရိတ်သတ်အတွက်တော့ စိတ်အဟာရဖြည့်
ဗီတာမင်ဆေးတစ်လက်လို အစွမ်းထက်ပါလေ့မယ်……။

Karate Kill ဇာတ်ကားဟာဆိုရင်ဖြင့် 2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့
Action/ Adventure/ Horror ဂျပန် 18+ ဇာတ်ကား
အမျိုးစားတစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်က ဒါရိုက်တာ
Kurando Mitustake က ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့
ဇာတ်ကား တစ်ခုဖြစ်ပါတယ် ..။ Director Kurando ကိုတော့ Gun
Girl ဇာတ်ကားနဲ့ တော်တော်များများသိကြပါလိမ့်မယ်
မိန်းမလှလေးတွေ လက်မှာစက်သေနတ်တွေ တပ်ထားပြီး တ၀ုန်ဝုန်း
တစ်ဂွမ်းဂွမ်းနဲ့ ဆော်ပလော်တီးကြတဲ့ကားလေ…။
ဒီဇာတ်ကားမှာတော့ မင်းသား David Sakurai နဲ့ မင်းသမီး Asami
တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ဂျပန်သရုပ်ဆောင်တွေနဲ့
အနောက်တိုင်းသရုပ်ဆောင်တွေရောပြီး ရိုက်ကူးထားတဲ့
ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားက
ဂျပန် ကရာတေး ဆရာကြီး
တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးသူ့မှာ ညီမလေး
တစ်ယောက်ရှိပါတယ်။သူ့ညီမလေးက hollywood မှာ
သရုပ်ဆောင်သင်တန်းသွားတက်ရင်းနဲ့ အကို့မွေးနေ့မှာ တန်ဖိုးကြီး
လက်ဆောင်တစ်ခုပေးချင်လို့ ကလပ်တစ်ခုမှာ အလုပ်လုပ်ရင်းနဲ့
ဂိုဏ်းတစ်ခုရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတယ်။သူ့ကိုပြန်ခေါ်ဖို့ ကြိုးစားရင်းနဲ့
အဲဒီ ဂိုဏ်းကနေ အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာတဲ့
တစ်ဦးတည်းသောသူဖြစ်တဲ့ မင်းသမီး Asami နဲ့ တွေ့ဆုံပြီး
နှစ်ယောက်အတူကြုံတွေ့ရတဲ့ စွန်းစားခန်းတွေနဲ့ ပြည့်နက်နေတဲ့
ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ 18+ အခန်းတွေ သာမက
အကြမ်းစားအက်ရှင်ခန်းတွေပါ ရောသမမွှေထားတာမို့
သဘောခွေ့နှစ်သက်စရာကားကောင်းတစ်ကားပါ.။
အကိုတစ်ယောက်ရဲ့ ကတိကို တည်နိုင်အောင် အသက်စွန့်ပြီး
အစွမ်းကုန်ကြိုးစားပေးမှုတွေကို မြင်တွေ့ရပါမယ်။
ဇာတ်လမ်းဆန်းဆန်း 18+ ကို ကြိုက်တဲ့ ဘော်ဒါတွေအတွက်တော့
လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။

Review & Translate by: Yin Aye Nyein
Encode by: Sai Ko
Quality Dvd Rip
Size -500MB

Original title Karate Kill
IMDb Rating 5.5 111 votes
TMDb Rating 5 2 votes