May 18

May 18

Jul. 25, 2007 KR. 118 Min.
Your rating: 0
8.4 5 votes

Video trailer

Director

Jihun Kim
Director

Cast

Kim Sang-kyung isKang Min-woo
Kang Min-woo
Jeong In-gi isJin-chul
Jin-chul
Lee Joon-gi isKang Jin-woo
Kang Jin-woo
Na Moon-hee isNaju-daek
Naju-daek

Review

မေ၁၈ဆိုသည့်ဒီဇာတ်ကားလေးသည်ဖြစ်ရပ်မှန်ကိုအခြေခံ၍ရိုက်ကူးထားတော့ဇာတ်ကားလေးဖြစ်ပါတယ်။၁၉၈၀ခုနှစ်လောက်ကကိုရီးယားနိုင်ငံတွင်စစ်အုပ်ချုပ်ရေးကိုသဘောမကျ၍တက္ကသိုလ်ကျောင်းသားတွေစတင်ဆန္ဒပြရာမှဂွမ်ဂျူမြို့တစ်မြို့လုံးပါဝင်ပတ်သတ်လာပြီးစစ်တပ်ကရက်စက်စွာမတရားနှိမ်နင်းခဲ့ပုံကိုရိုက်ကူးတင်ဆက်ထားတာပါ။အဲဒီအဖြစ်အပျက်ကြောင့်သေဆုံးသူ၂၀၇ဦးထိခိုက်ဒဏ်ရာရရှိသူ၂၃၉၂ဦးနှင့်ပျောက်ဆုံးသူ၉၈၇ဦးရှိခဲ့ပါတယ်။ဒီဇာတ်ကားလေးမှာမင်ဝူးနဲ့ဂျင်ဝူးဆိုတဲ့အရမ်းချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။မင်ဝူးကတက္ကစီမောင်းပြီးသူ့ညီလေးဂျင်ဝူးကိုအစစအရာရာထောက်ပံပေးပါတယ်။ဂျင်ဝူးကလည်းစာအရမ်းတော်ပြီးသူ့အစ်ကို့ဖြစ်စေချင်တဲ့ဆိုလ်းဥပဒေကျောင်းကိုတက်ခွင့်ရဖို့ကြိုးစားနေသူတစ်ယောက်ပါ။တစ်နေ့ဂျင်ဝူးနဲ့ဘုရားကျောင်းမှာခင်ခဲ့တဲ့အစ်မတစ်ယောက်ဖြစ်တဲ့သူနာပြုမလေးရှင်းအယ်(မင်ဝူးကြိုက်နေတဲ့သူပေါ့)နဲ့မင်ဝူးတို့ရုပ်ရှင်သွားကြည့်ရာတွင်ဆန္ဒပြနေတဲ့ကျောင်းသားတွေကိုစစ်သားတွေကရိုက်နှက်ဖမ်းဆီးနေတာနဲ့ကြုံခဲ့ရပါတယ်။ဘာမှမပတ်သတ်တဲ့သူတို့ကိုတောင်ဖမ်းဖို့ကြိုးစားလို့ပြေးခဲ့ရပါသေးတယ်။ဒါကြောင့်မင်ဝူးကဂျင်ဝူးကိုအဲဒီဆန္ဒပြမှုတွေရဲ့အဝေးမှာနေဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ကြမ္မာငင်တယ်လို့ပြောရမလားပဲ။ဂျင်ဝူးရဲ့သူငယ်ချင်းတစ်ယောက်စစ်သားတွေရဲ့ရိုက်နှက်ခြင်းခံရပြီးသေဆုံးခဲ့ရပါတယ်။ဒါကြောင့်သူ့ရဲ့သူငယ်ချင်းအတွက်ကလဲ့စားချေမယ်ဆိုပြီးဆန္ဒပြမှုတွင်ပါဝင်ပတ်သတ်ခဲ့ပါတယ်။စစ်တပ်ကအင်အားများလာတဲ့ဆန္ဒပြသူတွေကိုကိုယ့်အိမ်ကိုယ်ပြန်ကြဖို့ကြေငြာပြီးသူတို့တပ်တွေကိုလည်းဆုတ်ခွာမယ်လို့ပြောခဲ့ပြီးမှပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီပစ်ခတ်တိုက်ခိုက်မှုတွင်ဂျင်ဝူးလည်းသေဆုံးသွားခဲ့ရပြီးပြည်သူလူထုလည်းပိုမိုအုံကြွလာကာမင်ဝူးအပါအဝင်ဂွမ်ဂျူမြို့သူမြို့သားများမှမြို့တော်ခန်းမကိုသိမ်းပိုက်ပြီးစစ်တပ်ကိုခုခံတော်လှန်ခဲ့ပါတယ်။အဆုံးမှာတော့မျိုးချစ်စိတ်ပြင်းထန်တဲ့ပြည်သူလူထုကစစ်တပ်ကိုဘယ်လိုခုခံတော်လှန်ခဲ့ရလဲဆိုတာဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်ရမှာပါ။ဒီဇာတ်ကားလေးမှာမင်းသားlee joon ki ပါဝင်သရုပ်ဆောင်ထားတယ်ဆိုတာlee joon ki real fan တွေသိကြမှာပါ။ခေါင်းဆောင်မင်းသားမဟုတ်ပေမဲ့leee joon ki ရဲ့ပျော်ရွှင်မှု ဝမ်းနည်းမှု စိတ်ဓာတ်ပြင်းထန်မှုတွေကြောင့်မှတ်မှတ်ရရရှိနေခဲ့မှာပါ။ဇာတ်ကားလေးကနောက်ပိုင်းမှာဝမ်းနည်းဖို့ကောင်းပေမဲ့ဇာတ်လမ်းအစမှာတော့ပျော်ရွှင်မှုတွေအနည်းငယ်ပါဝင်ပြီးအရမ်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။

Translated by ma kay khaing

Encoded by Phyo Thant

Original title 화려한 휴가
TMDb Rating 6.4 8 votes