what going on?
Moontrap Target Earth (2017) မြန်​မာစာတန်းထိုး

Moontrap Target Earth (2017) မြန်​မာစာတန်းထိုး

Feb. 07, 2017US. 81 Min.
Your rating: 0
9.7 3 votes

Video trailer

Ads_001Ads_002

Synopsis

တန်ခိုးရှင်Garen နဲ့ Myaဟာ လူသားတွေကိုကယ်တင်ဖို့အတွက် လပေါ်မှာကမ္ဘာသစ်တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုကြိုးစားမှုအတွက် အဓိကအရေးပါတဲ့ကျောက်တုံးဟာ မသမာသူတွေကြောင့် ပျောက်ဆုံးခဲ့ပါတယ်။ ဒါကြောင့် အရှင်Garenက Myaကို ကျောက်တုံးအား ပြန်လည်ရယူရန် ကမ္ဘာပေါ်သို့စေလွှတ်ခဲ့ပါတယ်။ သို့သော်လည်း Myaရဲ့အပြန်လမ်းမှာ ယာဉ်ပျံဟာ ကမ္ဘာမြေပေါ်သို့ ဆိုးရွားစွာ ပျက်ကျခဲ့ပါတယ်။ ပျက်ကျသွားတဲ့ယာဉ်ပျံဟာ မြေကြီးထဲနစ်မြုပ်သွားခဲ့တာ နှစ်ပေါင်း ၁၄၀၀၀ကြာမြင့်ခဲ့ပါတယ်။
ထမ်းဆောင်ရမယ့်တာဝန်မပြီးဆုံးသေးတဲ့Myaဟာ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ မိန်းကလေးတစ်ယောက်ကိုရွေးချယ်ကာ အိပ်မက်ပေးခဲ့ပါတယ်။ Myaရဲ့နစ်မြုပ်နေတဲ့ယာဉ်ပျံကို အဖွဲ့အစည်းတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ယာဉ်ပျံပေါ်ကဘာသာစကားကို အဓိပ္ပာယ်ပြန်ခိုင်းဖို့ သူမတို့ချစ်သူနှစ်ဦးကို စေခိုင်းခဲ့ပါတယ်။ လုပ်ငန်းပြီးမြောက်သွားတဲ့အခါ သူမတို့နှစ်ဦးကို အဲဒီအဖွဲ့အစည်းက လက်စဖျောက်ခဲ့တဲ့အခါ သူမချစ်သူကတော့ သေဆုံးသွားပါတော့တယ်။ ချစ်သူသေဆုံးသွားတဲ့အတွက် လက်စားချေဖို့ကြိုးစားရင်းက ပြန်အဖမ်းခံခဲ့ရပြီး ယာဉ်ပျံထဲမှာ ထိန်းသိမ်းထားဖို့ ခေါ်ဆောင်ခံခဲ့ရပါတော့တယ်။ အဲဒီအချိန်မှာ ယာဉ်ပျံထဲမှ စက်ရုပ်တစ်ရုပ်ထွက်လာကာ သူမကိုရော သူမကိုဖမ်းဆီးထားတဲ့သူကိုပါ လကမ္ဘာပေါ်သို့ ခေါ်ဆောင်သွားပါတော့တယ်။ ဒီတော့ ယာဉ်ပျံပေါ်ပါသွားတဲ့ သူမနဲ့ လူဆိုးတို့ဟာ ဘယ်လိုဖြစ်အင်တွေကို ကြုံတွေ့ရမှာလဲ။ ဘယ်သူတွေရဲ့နှောင့်ယှက်မှုတွေကြောင့် အခက်အခဲတွေကို ရင်ဆိုင်ရဦးမှာလဲ။ တန်ခိုးရှင်မောင်နှံဖန်တီးချင်တဲ့ လပေါ်က ကမ္ဘာသစ်ကိုရော ဖန်တီးနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြပါလို့ တိုက်တွန်းပါရစေ။
ဒီဇာတ်ကားလေးမှာ သိပ္ပံစက်ရုပ်တွေ၊ ရှေးဟောင်းယဉ်ကျေးမှုတွေအပါအ၀င် လကမ္ဘာအကြောင်း စိတ်ဝင်စားစရာဗဟုသုတတွေပါ ပါဝင်လို့ ရုပ်ရှင်ချစ်သူများ လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ကြောင်းကိုလည်း ထပ်လောင်းပြောပြပါရစေနော်။

Review & translated by Nan Nwe Ni
Encoded by HMH
Quality-အကြည်(ကိုငြိမ်းမောင်မိန်းမ)
Size- 610MB/320MB

Moontrap Target Earth (2017) မြန်​မာစာတန်းထိုး
Original titleMoontrap Target Earth
IMDb Rating2.9 297 votes
TMDb Rating10 1 votes
Ads_001Ads_002

Similar titles

Altered Perception (2017) မြန်မာစာတမ်းထိုး
Thunder and the House of Magic (2013) မြန်မာစာတမ်းထိုး
Gun Shy (2017)
Operation Dunkirk (2017) မြန်မာစာတမ်းထိုး
Thor: Ragnarok (2017) မြန်မာစာတမ်းထိုး
Fabricated City 2017 ( မြန်မာစာတန်းထိုး )
Raees(2017)မြန်မာစာတန်းထိုး
The Dark Tapes (2017) မြန်မာစာတန်းထိုး
Paddington 2(2017)မြန်မာစာတန်းထိုး
Guardians of the Tomb (2018) မြန်မာစာတမ်းထိုး
Zombies Have Fallen(2017)မြန်မာစာတန်းထိုး
Pilgrimage (2017) မြန်မာစာတမ်းထိုး