On Wings of Eagles (2017) မြန်မာစာတမ်းထိုး

On Wings of Eagles (2017) မြန်မာစာတမ်းထိုး

Nov. 03, 2017CN. HK. US. 96 Min.
Your rating: 0
9 13 votes

Video trailer

Director

Stephen Shin
Director

Cast

Joseph Fiennes isEric Liddell
Eric Liddell
Shawn Dou isXu Niu
Xu Niu
Elizabeth Arends isFlorence Liddell
Florence Liddell
Simon Twu isChen Quan
Chen Quan
Augusta Xu-Holland isCatherine Standish
Catherine Standish
Patrice Poujol isLouis Klein
Louis Klein
Shigeo Kobayashi isYoshinori Yumoto
Yoshinori Yumoto
Zach Ireland isDavid Marshall
David Marshall
Ads_001Ads_002

Synopsis

On Wings of Eagles ဇာတ်​လမ်း​လေးဟာဆိုရင်​ ၁၉၂၄ ခုနှစ်​ ကမ္ဘာ့အိုလံပစ်​ သမိုင်းမှာ ​ရွေတံဆိပ်​ရခဲ့တဲ့ မစ္စတာ အဲရစ်​လစ်​ဒယ်​ရဲ့ဖြစ်​​ရပ်​မှန်​ အံ့သြစရာ​ကောင်းတဲ့ပုံပြင်​​​​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​။အဲရစ်​ဟာဆိုရင်​ တရုတ်​ပြည်​မှာ​နေပြီး က​လေး​​တွေကို စာသင်​​ပေးတဲ့ပ​ရော်​ဖက်​ဆာတစ်​​ယောက်​ဖြစ်​​ပါတယ်​။တရုတ်​ပြည်​မှာစစ်​ဖြစ်​​နေပြီး ဂျပန်​စစ်​သား​တွေရဲ့ ဖိနိုပ်​ခံ​အ​ခြေအ​နေဖြစ်​​ပေမယ့်​လည်း အိုလံပစ်​ပြိုင်​ပွဲပြီးတဲ့အခါမှာ အဲရစ်​ဟာတရုတ်​ပြည်​ကိုစာသင်​​ပေးဖို့ ပြန်လာပြီး ဂျပန်​​တွေရဲ့ဖိနိုပ်​မူ​ခံရင်း​နေခဲ့ရပါတယ်​။ဒီဇာတ်​လမ်း​လေးဟာဆိုရင်​ သည်းခံနိုင်​ရည်ရှိမူနဲ့​မျှော်​လင့်​ချက်​​တွေရဲ့ ​တောက်​ပ ကြီးမားတဲ့ခွန်​အားတို့ကို အဓိကထား ရိုက်​ကူးထားပါတယ်​။”They shall mount up with wings as eagles,they shall run and not ba away” ဒီစာ​ကြောင်း​လေးဟာဆိုရင်​ Flying scotsman ​လို့ခေါ်တဲ့ အဲရစ်​ရဲ့ယုံကြည်​ချက်​​လေးဖြစ်​ပါတယ်​။ ဇာတ်​လမ်းအကျဉ်း​လေးက​တော့ အဲရစ်​မှာ ချစ်​ဇနီးဖ​လောရန့်​နဲ့ ချစ်​စရာ​ကောင်းတဲ့ သမီးနှစ်​​ယောက်​ရှိပါတယ်​။သူတို့မိသားစုဟာဆိုရင်​ က​နေဒါကို​ပြောင်း​ရွေ့ခဲ့ပါတယ်​ ဒါ​ပေမယ့်​ အဲရစ်​က ဆေးဝါး​ထောက်​​ပံ့မူ​တွေအများကြီးလိုအပ်​​နေတဲ့ ​ရှောင်​ဇန်​​မှာရှိတဲ့​ဆေးရုံကို သူ့အကိုရိုဘတ်​ ​​တောင်းဆိုထားတဲ့အတိုင်း ကူညီဖို့ဂတိ​ပေးခဲ့လို့် တရုတ်​ပြည်​မှာ စာသင်​ရင်း​နေခဲ့ပါတယ်​။အဲရစ်​အ​ဝေး​ရောက်​​နေချိန်​မှာ သူ့ဇနီးဟာတတိယသမီး​လေး​မွေးဖွားခဲ့ပါတယ်​။ အဲရစ်​ရဲ့​နေအိမ်​ကိုဂျပန်​စစ်​သား​တွေဝင်​​ရောက်​သိမ်းပိုက်​ခဲ့​ပေမယ့်​လည်း အဲရစ်​ဟာ ဘုရားသခင်​ကိုပဲယုံကြည်​အားကိုးခဲ့ပါတယ်​။အဲရစ်​နဲ့သူ့တပည့်​ဂျနူရိုဟာ​ဆိုရင်​ အခက်​အခဲ​တွေကြားက ​ရှောင်​​ဇန်​​ဆေးရုံကို ​ဆေးဝါး​ထောက်​ပံ့​ပေးခဲ့ပါတယ်​။ တစ်​​နေ့မှာဆိုရင်​​တော့ အဲရစ်​ဟာ ဘုရား​ကျောင်းမှာပြုလုပ်​တဲ့ ထိမ်းမြားမင်္ဂလာပွဲရဲ့သင်းအုပ်​ဆရာလုပ်​​နေစဉ်​ ဂျပန်​​စစ်​​သား​တွေရဲ့ လှည့်​လည်​လာချိန်​နဲ့ကြုံပြီး အဲ့မှာရှိတဲ့ လူ​တွေအကုန်​ အဖမ်းခံလိုက်​ရပါတယ်​။ထောင်​ထဲမှာရှိ​နေစဉ်​ အဲရစ်​ရဲ့တပည့်​ဖြစ်​သူ ဂျူနူရိုက အလုပ်​သမားဟန်​​ဆောင်​ကာ လိုအပ်​တဲ့​ဆေးဝါးနဲ့အစားအစာ​တွေကို အခက်​အခဲ​တွေကြားထဲမှ​ပေးပို့​ပေးခဲ့ပါတယ်​။အဲရစ်​ဟာ တခြားဖိနိုပ်​ခံရတဲ့သူ​တွေအ​ပေါ်မှာလည်း သနားကျင်​နာပြီး ​ရှိတာဝေမျှပါတယ်​။ ​အဲ့​နောက်​မှာတော့ အဲရစ်​ဟာ အိုလံပစ်​အ​ပြေးသမားတစ်​​ယောက်​ဖြစ်​တဲ့အတွက်​ ဂျပန်​စစ်​ဗိုလ်​မှုူးကန်​ဂျီဟာ သူနဲ့ပြိုင်​ချင်​တယ်​လို့စိန်​​ခေါ်ခဲ့ပြီး အဲရစ်​ကလည်း ပြိုင်​ပွဲမှာနိုင်​ရင်​ ပြန်​လွတ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ်​။ဗိုလ်​မှူးကန်​ဂျီကလည်း မျမျတတယှဉ်​ပြိုင်​ချင်​တဲ့အတွက်​ အဲရစ်​ကို အစားအ​သောက်​များနဲ့​​ကောင်းမွန်​စာ တစ်​ရက်​တာ ကျွေး​မွေးထားပါတယ်​။ဒါ​ပေမယ့်​ အဲရစ်​ဟာ အစားအစား​ကို သူ့ရဲ့စာသင်​​နေတဲ့က​လေးငယ်​​တွေကို ​ကျွေး​လိုက်​ပါတယ်​။သူတို့နှစ်​​ယောက်​ယှဉ်​ပြိုင်​​ကြတဲ့အခါမှာ​တော့ အဲရစ်​ဟာရှုံးနှိမ့်​သွားခဲ့ပါတယ်​။ဗိုလ်​မှူးကန်​ဂျီက အဲရစ်​ရဲ့အားမရှိတဲ့ပုံစံ​ကြောင့်​ ရှုံးနိမ့်​ရတဲ့အ​ကြောင်းမှန်​သိပြီး သူ့ရဲ့မထီမဲ့မြင်​ပြုမူအတွက်​ ရက်​စက်​စွာပစ်​ဒဏ်​​ပေးခဲ့ပါတယ်​။ ​နောက်​ပိုင်းမှာ​တော့ ​ထောင်​ထဲမှာရှိတဲ့ ဟုခ်ျ​​ဂျေဆန်​ဆိုတဲ့သူက အဆုတ်​​ရောင်​​ရောဂါနဲ့ သေလု​မျောပါး​​ဝေသနာခံစားရပြီး ကုသဖို့​ဆေးဝါး​နဲ့အစားအစာ လိုအပ်တဲ့​အတွက်​​ကြောင့်​ ဗိုလ်မှူးကန်ဂျီနဲ့ ​​​ထပ်ယှဉ်​ပြိုင်​ဖို့ နိုင်​လျင်​​ဆေးဝါးနဲ့အစားအ​သောက်​​ပေး​ဖို့​တောင်းဆိုခဲ့ပါတယ်​။ဗိုလ်​မှူးကလည်း နိုင်​လျင်​ ​ဆေးဝါးတင်​သွင်းမူခွင့်​ပြု​ကြောင်းဂတိ​ပေးလိုက်​ပါတယ်​။ နောက်ဆုံးမှာ​တော့ အဲရစ်​ဟာသူချစ်​ရတဲ့မိသားစုနဲ့ပြန်​ဆုံခွင့်​ရှိပါ့မလား၊သူရဲ့သည်းခံမူနဲ့ဘုရားသခင်​အ​ပေါ်ယူံကြည်​မူ​တွေက သူ့ကိုဘယ်​လိုကူညီ​ပေးမလဲ၊ဘာ​​တွေဆက်​ဖြစ်​မလဲ ဆိုတာက​တော့ ဇာတ်​ကား​လေးထဲမှာပဲဆက်​လက်​ကြည့်​ရူလိုက်​ပါနော်​။အမှား​လေးများပါရင်​ ​ခွင့်​လွှတ်​​​ပေးကြဖို့ ​တောင်းပန်​ပါတယ်​။

Translated & Reviewed by Ei Thiri Aung

Encoded by k

Quality Webdl

Size 820/220 MB

IMDB 6.2

Genres Drama, History, Sport

Similar titles

Three Billboards Outside Ebbing, Missouri (2017) မြန်မာစာတမ်းထိုး
The Zookeeper’s Wife (2017) (မြန်မာစာတန်းထိုး)
Love And Other Cults (2017) မြန်မာစာတမ်းထိုး
Irreplaceable You (2018) မြန်မာစာတမ်းထိုး
Silver Linings Playbook (2017) မြန်မာစာတမ်းထိုး
A Day (2017) မြန်မာစာတမ်းထိုး
Bharat Ane Nenu (2018) မြန်မာစာတမ်းထိုး
The Villainess
The Quiet (2005) မြန်မာစာတမ်းထိုး
The Outsider (2018) မြန်မာစာတမ်းထိုး
Operation Chromite (2016) မြန်မာစာတမ်းထိုး
It (2017) မြန်မာစာတမ်းထိုး
© 2018 by Gold Channel Movies. All Rights Reserved. Powered by Doothemes