1998

The Lucky Guy (1998) မြန်မာစာတန်းထိုး
0
The Lucky Guy (1998) မြန်မာစာတန်းထိုး
ဒီကားကလေးကတော့ ဒါရိုက်တာ Lee Ki Chi က ၁၉၉၈ မှာရိုက်ကူးပြီး Stephew Chow , Sammi Cheng, Daniel Chan နဲ့ Shu Qi တို့ပါဝင်သရုက်ဆောင်ထားတဲ့ ဟာသကားလေးပါ "Lucky" ဆိုတဲ့ကော်ဖီဆိုင်လေးက ကြက်ဥပူတင်းနဲ့ အရမ်းကောင်းတယ်လို့နာမည်ကြီးနေတဲ့ဆိုင်လေးပါ စားပွဲထိုး Su က ဆိုင်မှာ ရုပ်ချော နာမည်ကြီးပြီး ကြက်ဥပူတင်းမင်းသားလို့တင်စားခေါ်ခဲ့တဲ့သူ မိန်းကလေးတွေ ချစ်ခင်ရပေမယ် candy ဆိုတဲ့မိန်းကလေးတစ်ယောက်ကိုပဲ စွဲလမ်းခဲ့တယ်.. Su နဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Nam နဲ့ Fu ဆိုတဲ့ သူတွေမှာလည်း အချစ်ပြသနာလေးတွေကိုယ်စီရှိကြတယ် .. အဲ့ဒီအချိန်မှာပဲ ကော်ဖီဆိုင်က မြေရှင်ရဲ့ ဈေးတိုးတောင်းမှုကြောင့် ဆိုင်ဖျက်သိမ်းရမယ့်အခြေအနေတွေဖြစ်လာတာကို Su, Nam နဲ့ Fu တို့သူငယ်ချင်းတွေ ဘယ်လိုကာကွယ်မလဲဆိုတာ...ဟာသလေးတွေရောပြီး ဘယ်လိုရိုက်ကူးထားတယ်ဆိုတာ ဆက်လက်ကြည့်ရှူ ကြပါဦးလို့.... Review & Translated by Khine Ni ...
0 /0
Bride of Chucky (1998) မြန်မာစာတန်းထိုး
2
Bride of Chucky (1998) မြန်မာစာတန်းထိုး
Horror ကားနစ်သက်သူတွေအတွက်ကတော့လက်မလွှတ်သင့်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ် ဒီ Chucky ကားလေးကတော့ chucky အရုပ်ပျက်စီးသွားပီးတဲ့နောက် တစ်လအကြာကိုဇာတ်အိမ်တည်ထားပါတယ် Triffany ဟာစိတ်တ္တဇ လူသတ်သမား Carles Lee Ray ရဲ့ချစ်သူလဲဖြစ် လူသတ်မှုတွေကို ပူးပေါင်းကျူးလွန်ခဲ့သူလဲဖြစ်ပါတယ် သူက ရဲဌာနမှာဖျက်စီးဖို့ သိမ်းဆည်းထားတဲ့ Chucky အရုပ်ကိုပြန်လည်ခိုးယူခဲ့ပါတယ် အဲ့အရုပ်ကိုမှာသူ့ချစ်သူ Ray ရဲ့ဝိဉာင်ကပ်ညိနေအုံးမယ်လို့သူက ယုံကြည်ထားပီးတော့ အစီအရင်တွေလုပ်လိုက်ရင်သူ့ချစ်သူက အရင်လို့မျိုးဘဲ Chucky အရုပ်အနေနဲ့အသက်ရှင်လာနိုင်လိမ့်မယ် လို့ယုံကြည်နေခဲ့တာပါ ဒါပင်မဲ့သူ့မရဲ့အစီအရင်ကမှားယွင်းသွားခဲ့ပီးတော့ Chucky အရုပ်တင်အသက်ဝင်လာရုံတင်မဟုတ်ဘဲ သူမရဲ့ ဝိဉာင်ပါ အနီးနားမှာရှိတဲ့အရုပ်လေးထဲကိုဝင်ရောက်သွားပါတယ် အဲ့နောက်မှာတော့ သူတို့တွေဘာဆက်လုပ်မလဲဆိုတာကိုတော့..... Translated by ဆလက်ရွက် Review & Encoded by Lwin Naung
2 /1
Deep Rising (1998) မြန်မာစာတန်းထိုး
0
Deep Rising (1998) မြန်မာစာတန်းထိုး
တောင်တရုတ်ပင်လယ်အောက်တွင် ဟိမ၀န္တာတောင်တန်းကြီးတစ်ခုလုံးကိုပင် ဖုံးကွယ်ထားနိုင်လောက်သည့် အသူတရာနက်လှသော ချောက်ကြီးများရှိပြီး ၄င်းနေရာသို့ မည်သည့် လူသား၊ စက်ကိရိယာမျှ မရောကရှိ မဖော်ထုတ်နိုင်ကြသေးချေ။ ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင် မရေတွက်နိုင်သော သင်္ဘောမြောက်များစွာတို့မှာ ထိုရေအောက်တွင် အစအနမျှ မကျန်အောင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ကြ့ပီး ဖြစ်သည်။ ထိုသင်္ဘောပျောက်ဆုံးမှုများကား ယနေ့အချိန်ထိ မည်သည့်သိပ္ပံပညာရှင်မျှ အဖြေမထုတ်နိုင်ဘဲ ဆန်းကြယ်စွာ ပျောက်ဆုံးနေဆဲ ရှိလေသည်။ အထက်ပါ စာပိုဒ်မှာ ရုပ်ရှင်အစတွင် စာတန်းထိုးပြသော အကြောင်းအရာများဖြစ်သည်။ ထိုသို့ ဆန်းကြယ်သော ပင်လယ်ပြင်ကို ဖြတ်မောင်းလာသည့် ကြယ်ငါးပွင့် အပျော်စီးသင်္ဘောကြီးတစ်ခုအား လူတစ်စုက ဓါးပြတိုက်ဖို့ ကြံနေသည်။ သင်္ဘောပေါ်တွင် ပါလာမည့် လူတိုင်းလိုလိုမှာ သူဌေးများ ဖြစ်ကြသဖြင့် အချီကြီးမိရန် မျှော်လင့်နေကြရင်း လောဘဇောတက်နေကြသည်။ မုန့်ဆီကြော်က ဘယ်နေမှန်းမသိ၊ နှုတ်ခမ်း တပြင်ပြင်နှင့် သွားကြသော ထိုလူတစ်စုအား ကြောက်မက်ဖွယ် ကံကြမ္မာဆိုးက စောင့်နေလျက်ရှိသည်ကို မသိခဲ့ကြပေ။ သူတို့ ထိုသင်္ဘောကြီးဆီ ...
0 /0