2004

Napoleon Dynamite(2004) မြန်မာစာတမ်းထိုး
0
Bluray 720P
Napoleon Dynamite(2004) မြန်မာစာတမ်းထိုး
ကျောင်းသားဟာသကား​တွေကြည့်​ဖူးကြပါသလား.... ​တော်​​တော်​များများ coming of ageဇာတ်​ကား​တွေဟာ လိင်​အသား​ပေး ဇာတ်​ကား​တွေများလှပါတယ်​.... အခုတင်​ဆက်​​ပေးတဲ့ဇာတ်​ကားက​တော့ ​ကျောင်းသားဟာသဆို​ပေမဲ့ လိင်​အသား​ပေးဘက်​လွတ်​ပြီး ပညာ​ပေးအပိုင်းဘက်​​ရောက်​တဲ့ဇာတ်​ကားတစ်​ကားပါ။ Napoleon Dynamiteဆိုတဲ့ ကျပ်​မပြည့်​တဲ့​ကျောင်းသားတစ်​​ယောက်​ပါ။ ​ကျောင်းမှာ ​ပေါက်​ကရ​တွေ​​ပြောပြီး အနိုင်​ကျင့်​ခံရတဲ့ Nerdတစ်​​ယောက်​​ပေါ့။ အိမ်​မှာ သူ့အကိုနဲ့အဘွားနဲ့ အတူ​နေရပါတယ်​။ အဘွားက​လဲ ​မော်​ဒန်​​ခေတ်​ကြီးထဲမှာ ​ခေတ်​မှီ​တော့ ​ဗရုတ်​သုက္ခ​တွေလုပ်​ရင်း ​ဆေးရုံတက်​လိုက်​ရပါတယ်​။ ဒီလိုနဲ့ သူတို့အိမ်​ကို သူ့ဦး​လေးက​ရောက်​လာပါတယ်​။ ပိုက်​ဆံအရမ်းရှာချင်​တဲ့သူ့ဦး​လေးဟာ သူတို့မကြိုက်​တာ​တွေလုပ်​ Napoleonကို လဲ ​ကျောင်းမှာနာမည်​​တွေဖျက်​.... Napoleonဟာ ​ကျောင်းမှာ မက္ကစီကန်​ သူငယ်​ချင်းတစ်​​ယောက်​ရလာခဲ့ပါတယ်​ သူနဲ့အတူ ကပွဲတက်​ဖို့ ​ပေါ​ကြောင်​​ကြောင်​နည်း​တွေနဲ့ ​ကောင်​မ​လေး​တွေကိုလိုက်​​မေး ​ကျောင်းက ​ကျောင်း​သားသမ္မတ​ရွေးတာကို နှစ်​​ယောက်​သားဝင်​ပြိုင်​ခဲ့ကြပါတယ်​။ ​နောက်​ဆုံးမှာ​တော့ မထင်​မှတ်​တဲ့အရာတစ်​ခု​ကြောင့်​ ​ကျောင်းကnerdတစ်​​ကောင်​ popularဖြစ်​သွားတာပါပဲ။ ဒီဇာတ်​ကားဟာ 2004မှာရုံတင်​ခဲ့ပြီး ရုပ်​ရှင်​​ဝေဖန်​​ရေးသမား​တွေအကြိုက်​​တွေ့​စေခဲ့တဲ့ဇာတ်​ကားပါ ကုန်​ကျ​​ငွေ​ဒေါ်လာ၎သိန်းသာ သုံးထားပြီး ရုံတင်​​ငွေ ၄၄သန်း​ကျော်​ပြန်​ရထားပါတယ်​ IMDbမှာ 6.9နဲ့ Rotten tomatoes ...
0 /0
The Village (2004) မြန်မာစာတမ်းထိုး
5
The Village (2004) မြန်မာစာတမ်းထိုး
IMDB 6.5 ရရှိထားတဲ့ ဇာတ်လမ်းဆုံးတဲ့အထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတခုအကြောင်းမိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းက အေးအေးလေးနဲ့ ဘာဆက်ဖြစ်မလဲ သိချင်အောင် ဆွဲဆောင်ထားပါတယ်။ မြို့တွေနဲ့ အဆက်အသွယ် မရှိတဲ့ တောအုပ်ပတ်လည်ဝိုင်းနေတဲ့ ရွာလေးတရွာရှိပါတယ်။ မြို့ကို ကူးချည်သန်းချည်မရှိတာကြောင့် ဆေးဝါးအခက်အခဲအမြဲ ကြုံပြီး အသက်တွေမဆုံးရှုံးသင့်ပဲ ဆုံးရှုံးနေကြရပါတယ်။ လူစီးယပ် ဆိုတဲ့ကောင်လေးက မြို့ကိုသွားပြီး ဆေးသွားသယ်မယ်လို့ ရွာလူကြီးတွေကို ပြောပေမယ့် ခွင့်ပြုချက်မရခဲ့ပါဘူး။ အကြောင်းရင်းကတော့ တောထဲမှာ နာမည်တောင်မပြောရဲတဲ့သတ္တ၀ါတွေ ရှိနေလို့ပါ ရွာထဲမှာနိုအာ လို့ခေါ်တဲ့ စိတ်ဝေဒနာရှင်တယောက်ရှိပါတယ်။ သူခင်တွယ်တဲ့သူက အိုင်ဗီဆိုတဲ့ မျက်မမြင်မလေးပါ။ အိုင်ဗီက လူစီးယပ်နဲ့ မေတ္တာမျှနေမှန်းသိတော့ နိုအာက ပေါက်ကွဲပြီး လူစီးယပ်ကို ဓားနဲ့ထိုးလိုက်ပါတယ်။ လူစီးယပ်အတွက် မျက်မမြင်မလေး အိုင်ဗီဟာ မြို့ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့---အိုင်ဗီတယောက် ဘယ်လို အခက်အခဲတွေကြုံရမလဲ သူတို့ကြုံနေရတဲ့ သတ္တ၀ါတွေက ဘယ်လိုဖြစ်လာတာလဲဆိုတာကို စိတ်ဝင်စားမှုအပြည့်နဲ့ ကြည့်ရှုရမှာပါ Translated & Reviewed by EG White Encoded by ...
5 /2
The Ghost (2004) မြန်မာစာတမ်းထိုး
5.7
The Ghost (2004) မြန်မာစာတမ်းထိုး
ကိုရီးယားနိုင်​ငံမြို့တစ်​မြို့ရဲ့ မိသားစုတစ်​စုမှာ ကင်​အွန်​ဆိုးနဲ့ကင်​အွန်​​ဂျောင်​ဆိုတဲ့ ညီမအစ်​မနှစ်​​ယောက်​ရှိတယ်​ တ​နေ့​တော့ဆူ​ပူ​နေတတ်​တဲ့​အမကိုစိတ်​ခုပီးညီမဖြစ်​တဲ့ကင်​အွန်​​ဂျောင်​က အ​ပျော်​သ​ဘောနဲ့သူ့အမကိုမိသားစုက​နေ ပထုတ်​မယ်​ဆိုပီးတ​စ္ဆေတစ်​​ကောင်​ ​ခေါ်ခဲ့မိတယ်​ အ​ပျော်​သ​ဘောဆို​ပေမယ့်​ တစ္ဆတစ်​​ကောင်​က​ရောက်​လာခဲ့ပီးသူ့အမကိုသတ်​ပစ်​ခဲ့တယ်​ ဘာ​ကြောင့်သေလဲဆိုတာ​တော့သူတို့သတိမထားမိခဲ့ဖူး ဇာတ်​လမ်းကဒီ​လို​လေးနဲ့စခဲ့တယ်​ မင်​ဂျီဝမ်​ ဆိုတဲ့ ​မိန်းက​လေးကချမ်းသာ​ပေမယ့်​ အ​ဖေ မရှိ​တော့တဲ့ဘဝနဲ့ သူ့​အ​မေနဲ့ ​နေရတယ်​သနားဖို့​ကောင်းတာက သူကမှတ်​ဉာဏ်​လဲ ​ပျောက်​​နေပီး​တော့ အထက်​တန်း​ကျောင်းသူ ဘဝက သူငယ်​ချင်း​တွေအပါအဝင်​ ဘာကိုမှ မမှတ်​မိပဲ သူ့ရဲ့​နေပုံထိုင်​ပုံကအစ ​ပြောင်းလဲသွားတယ်​ တ​နေ့တော့ သူ့သူငယ်​ချင်းအိုယူဂျင်​​ရောက်​လာပီး သူတို့သူငယ်​ချင်းကင်​အွန်​ဆိုးဆုံးသွား​ကြောင်း​ လာ​ပြောပြတယ်​ ဒီလိုနဲ့ ပဲ သူငယ်​ချင်း​တွေ တစ်​​ယောက်​ပီး တစ်​​ယောက်​ ​ထူးထူးဆန်းဆန်းဆုံးသွားကြတယ်​ ​နောက်​ ဆုံး မင်​ဂျီဝမ်​တစ်​​ယောက်​ပဲ ကျန်​ရင်​​ကော တ​စ္ဆေသရဲက သတ်​နိုင်​ဦးမာလား သူတို့အထက်​တန်း​ကျောင်းသူဘဝမာ​ကော ဘယ်လိုအဖြစ်​အပျက်​​တွေ ရင်​ဆိုင်​ခဲ့ရတာလဲ ဘယ်လို ဇာတ်​​ကောင်​​တွေပါဝင်​လာဦးမယ်​ ဆိုတာ​ကတော့ စိတ်​ဝင်​စားဖွယ်​မြင်​​တွေ့ရမှာပါ Translate & Review by Pyae Xeinn Sett Encoded by Lwin Naung
5.7 /3
A Moment To Remember (2004) မြန်မာစာတန်းထိုး
9
A Moment To Remember (2004) မြန်မာစာတန်းထိုး
ဒီဇာတ်လမ်းလေးကတော့ ကိုရီးယားအချစ်ဒရမ်မာဇာတ်လမ်းလေးပါ။ မင်းသား မင်းသမီးတွေကတော့ပရိသတ်ကြိုက်နှစ်သက်ပြီးသားတွေ ဖြစ်တာကြောင့် ဇာတ်လမ်းလေးကပိုအသက်ဝင်မှာပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ အိမ်ထောင်ရှိတဲ့အမျိုးသားကို ချစ်ကြိုက်မိလို့ အသည်းကွဲနေတဲ့ ဆူဂျင်းဆိုတဲ့ငွေကြေးချမ်းသာတဲ့အသိုင်းအ၀ိုင်းထဲကကောင်မလေးတစ်ယောက်က မိသားစုနောက်ခံကောင်းကောင်း မရှိတဲ့ ဘုဂလန့်ဖြစ်တဲ့ လက်သမားလေး ချိုဆွန်းနဲ့တွေ့ပြီး တဖန်ပြန်လည်ပျော်ရွှင်လာခဲ့ရပါတယ်။ ဘ၀အခြေအနေချင်းကွာခြားပေမယ့် မိဘတွေသဘောတူလို့လက်ထပ်ပြီးနောက်ပိုင်းမှာ ပျော်ရွှင်မှုလေးတွေနဲ့တည်ဆောက်ထားတဲ့သူတို့ရဲ့ဘ၀ထဲကို မမျှော်လင့်တဲ့ ကံကြမ္မာဆိုး တစ်ခုကျရောက်လာခဲ့ရပါတယ်။ အဲဒါကတော့ ဘယ်လိုကံကြမ္မာဆိုးမျိုးလဲ သူတို့၂ယောက်အတူရင်ဆိုင်သွားနိုင်ပါ့မလားဆိုတာကိုတော့ ပရိသတ်ကြီးကပဲစိတ်ဝင်တစားကြည့်ရှုပေးကြပါအုံး။ Review & Translate by: Ngwe Kaung Kin Encode by: Hein Min Htet Quality 720P HD Size - 900MB/580MB
9 /2
My brother (2004) မြန်​မာစာတန်းထိုး
7
My brother (2004) မြန်​မာစာတန်းထိုး
2004ခုနှစ် Oct 8ရက်နေ့တွင် CJ Entertainment မှဖြန့်ချီသော 'My brother' ငယ်စဉ်ကတည်းက အကြီးကိုသာ မျက်နှာသာပေးခဲ့ပြီး မိခင်အချစ်ကိုမရခဲ့ဘဲ ဂျွန်ယောင်းမှာ လူမိုက်ကလေးတစ်ယောက်ဖြစ်ခဲ့သည် အစ်ကိုဖြစ်သူမှာ ငယ်စဉ်က မွေးရာပါပုံစံမမှန်သော်လည်း စာတော်ပြီး လိမ္မာရိုးအေးသော ဆေးကျောင်းသားဖြစ်၍ မိခင်မှာ ပိုဂရုစိုက်ခဲ့သည် မိခင်ဂရုစိုက်မှုမခံရဘဲ ပေတေလေလွင့်ပြီး ကြီးပြင်းလာတဲ့ ဂျွန်ယောင်းအဖြစ် Wonbin ငယ်ငယ်ကတည်းက မွေးရာပါနှုတ်ခမ်းကွဲဖြင့်ကြီးပြင်းလာပြီး မိခင်အလေးပေးသော စံပြကျောင်းသားအစ်ကို ဆွန်ယောင်းအဖြစ် Shin Ha Kyun ညီအစ်ကိုနှစ်ယောက်ကို ပျိုးထောင်ပေးသူ မုဆိုးမ မိခင်အဖြစ် Kim Hae Sook မိခင်မေတ္တာနှင့် ညီအစ်ကိုနှစ်ယောက်ကြားသံယောဇဉ်ကို အပြိုင်ဖော်ကြူးထားသည့်movie ဖြစ်ပြီး rating 7.2 IMDb ရှိခဲ့သည် Translated by Nan Thida Hway Encoded by Phyo Thant quality.................hdrip File size..............815mb
7 /14