

Creator
Creator
Cast
Manfred Bernardo
Creek Lovell
Bobo Winthrop
Fiji Cavanaugh
Olivia Charity
Lemuel Bridger
Joe Strong
Rev. Emilio Sheehan
Video trailer
Synopsis
Midnight Texas က ညွှန်းဆိုနေတာကတော့ ရုပ်သံစီးရီး ကောင်း တစ်ခု ဟာ တစ်ခုထက်ပိုတဲ့ အကြောင်းအရာ တွေ အပေါ် အသားပေးရိုက်ကူးသင့်တယ်ဆိုတာကိုပါပဲ။ Charlaine Harris ရဲ့ ဝတ္ထု ကို ရိုက်ကူးထားပြီး Texas ပြည်နယ် တစ်နေရာက Midnight လို့ ခေါ်တဲ့ မြို့လေးမှာ နေထိုင်ကြတဲ့ လူတစ်စုအကြောင်းပါပဲ။ ထူးခြားတာက သာမာန် မြို့နေလူထု မဟုတ်ပဲ လူထူးဆန်းတွေ ဖြစ်နေတာပါပဲ။ နက်သက်ကြွေ နတ်သား၊ စိတ်စွမ်းအားရှင်၊ သွေးစုပ်ဖုတ်ကောင်၊ စုန်းမ နဲ့ သမန်းကျားတွေပေါ့ဗျာ။ စကားပြောတတ်တဲ့ ကြောင်က အဆစ်ပါသေး။ အပိုင်းတိုင်းမှာ သူတို့က အခြားသူတွေ ကို ကူညီတာ၊ အချင်းချင်း ကူညီကြတာ စသည်ဖြင့်တွေ့ရမှာပါပဲ။ မိသားစု တစ်ခုလိုပေါ့ဗျာ။ ကံမကောင်းစွာပဲ သူတို့ရှိနေတဲ့ Midnight မြို့က မကောင်းဆိုးဝါး မှန်သမျှကို ဆွဲဆောင်နေတဲ့ သံလိုက်တစ်ခုလို ဖြစ်လာပါတော့တယ်။ လူသတ်မှု့ တွေ ထူးခြားတဲ့ သဘာဝလွန် ဖြစ်ရပ်တွေ ကတော့ ဆက်တိုက်ဆိုသလိုပေါ့ဗျာ။ ဒီမြို့လေးက ငရဲနဲ့ လူ့ဘုံကြားက နေရာတစ်ခု ဖြစ်နေတာကြောင့်လဲ ဖြစ်နိုင်တာပဲ။ ကဲ စိတ်ဝင်စားဖို့ကောင်းတယ်မလား။ ခုမှ မဟုတ်ပါဘူး။ Harris ရဲ့ လက်ရာ တစ်ခု ဖြစ်တဲ့ True Blood က ရုပ်သံစီးရီး ဖြစ်လာ ကတည်းက Midnight အပေါ် အာရုံစိုက်လာခဲ့ကြတာပါပဲ။ True Blood နဲ့ ကွဲပြားသွားတာက ဘယ်နေရာမှာမှ အံဝင်ခွင်ကျ မဖြစ်တဲ့ လူ့ခွစာ တွေ က Midnight မှာ မိသားစု တစ်ခု အိမ် လို့ပြောလို့ရတဲ့ နေရာတစ်ခု ကို ဘယ်လို ဖန်တီးရရှိခဲ့သလဲ ဆိုတာကို ကြည့်ရှု့ခံစားကြရမှာပဲဖြစ်ပါတယ်။ အချုပ်ဆိုရရင်တော့ သဘာဝလွန် ဖြစ်ရပ် ထူးထူးဆန်းဆန်း စိတ်ဝင်စားသူတွေ အတွက် လက်မလွှတ်သင့်တဲ့ ရုပ်သံစီးရီးကောင်း တစ်ခု ဆိုတာ အသေအချာပေါ့ဗျာ။
Reviewed by Thiha
Translated by Soe Myat Oo
Encoded by k
IMDB 7.5
Genres Drama, Fantasy, Mystery
Size 300 MB
Original titleMidnight, Texas
First air dateJul. 24, 2017
Last air dateSep. 18, 2017
Seasons1
Episodes10
Seasons and episodes
1Season 1 Jul. 24, 2017
- 1 - 1PilotJul. 24, 2017
- 1 - 2Bad Moon RisingJul. 31, 2017
- 1 - 3Lemuel, UnchainedAug. 07, 2017
- 1 - 4Sexy BeastAug. 14, 2017
- 1 - 5UnearthedAug. 21, 2017
- 1 - 6Blinded by the LightAug. 28, 2017
- 1 - 7Angel HeartSep. 04, 2017
- 1 - 8Last Temptation of MidnightSep. 11, 2017
- 1 - 9Riders on the StormSep. 13, 2017
- 1 - 10The Virgin SacrificeSep. 18, 2017